ရွှေပြည်သာ စက်တင်ဘာ ၈
ရန်ကုန်တိုင်းဒေသကြီး၊မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီမှဦးဆောင်၍ ရပ်ကွက်/ကျေးရွာအတွင်းရှိပြည်သူ များအား ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွား/ပြန်ပွားမှုမရှိစေရန်အတွက် အိမ်တိုင်ရာရောက် ကိုယ်အပူချိန် တိုင်းတာပေးခြင်းနှင့် ကိုဗစ်-၁၉ ရောဂါအကြောင်းအသိပညာပေးခြင်းများကို ယနေ့နံနက် ပိုင်းမှစ၍ ရွှေပြည်သာမြို့နယ် ရပ်ကွက်ကျေးရွာ များ၌ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါဆောင်ရွက်နေမှုအား ရွှေပြည်သာမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးရန်အောင်မင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမိုးကျော်အောင်၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျန်းမာရေး ဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များက အဖွဲ့များ ခွဲ၍ဆောင်ရွက် ပေးခဲ့ကြောင်းသိရသည်။
နေမျိုးထွန်း(ရွှေပြည်သာ)