ကော့ကရိတ်မြို့ သဘာဝဘေးစီမံခန့်ခွဲမှုဆိုင်ရာဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ တားဆီးကာကွယ်ရေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် အသံချဲ့စက်ဖြင့် အသိပညာပေးဆောင်ရွက်

ကော့ကရိတ်၊ စက်တင်ဘာ ၈

ကော့ကရိတ်မြို့နယ်၊ ကျေးရွာများသို့ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် သဘာဝဘေးစီမံခန့်ခွဲမှုဆိုင် ရာဦးစီးဌာနမှ ရပ်ကွက်/ ကျေးရွာများသို့ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ အသံချဲ့စက်ဖြင့် ရှောင်ရန်၊ ဆောင်ရန်အချက်များကို ဆော်ဩပေးခြင်းကို  စက်တင်ဘာလ (၇) ရက်နေ့က ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။      

ထိုသို့ဆောင်ရွက်ရာတွင် ကော့ကရိတ်မြို့၊ သဘာဝဘေးစီမံခန့်ခွဲမှုဆိုင်ရာဦးစီးဌာနမှ ဦးစီးအရာရှိနှင့်ဝန်ထမ်းများသည် ကော့ကရိတ်မြို့နယ်နှင့် ကျုံဒိုးမြို့အတွင်းရှိ ကျွန်းကလေးကျေးရွာ၊ နွားခြံကုန်းကျေးရွာ၊ ကော့ဝါလဲကျေးရွာနှင့် မာလာကုန်းကျေးရွာများသို့ ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါ ပြန့်ပွားမှုမရှိစေရေးအတွက် သိရှိလိုက်နာရမည့်အချက်များ၊ မိုးရာသီကာလအတွင်း ဖြစ်ပွားတတ်သော သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်ပြီး ဆောင်ရန်၊ ရှောင်ရန်များကို အသံချဲ့စက်ဖြင့်  ကျေးရွာပြည်သူများသိရှိလိုက်နာစေရန် ဆောင်ရွက်ခဲ့ပြီး ကိုဗစ်-၁၉ ရောဂါ အသိပညာပေးလက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

ကျော်စိုးလွင်(ခရိုင် ပြန်/ဆက်)