ကျိုက်မ​​ရောမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်အထက် အဘိုးအဘွားများအား​​ ဒုတိယအကြိမ် ထောက်ပံ့​ငွေ​ ပေးအပ်

ကျိုက်မ​ရော   စက်တင်ဘာ    ၈

မော်လမြိုင်ခရိုင်၊ ကျိုက်မ​ရောမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်အထက် အဘိုးအဘွား များ အား ကိုဗစ်-၁၉​ရောဂါကာလအတွင်း စားဝတ်​နေ​ရေးအဆင်​ပြေ​​စေရန် နိုင်ငံ​တော်မှ တစ်ဦးလျှင်​ငွေကျပ်သုံး​သောင်း​စီအား ဒုတိယအကြိမ်​ထောက်ပံ​ပေးအပ်ပွဲကို ယ​နေ့နံနက် ၁၀နာရီခန့်က မြို့နယ်အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန၊ (​ရွှေဟင်္သာ)ခန်းမ၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ကျိုက်မ​ရောမြို့နယ်အုပ်ချုပ်​ရေးမှူး ဦးကျော်မြင့်က အမှာစကား​ပြောကြားပြီး မွန် ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာန၊ အမှတ်(၂)မူကြိုကျောင်းအုပ်ဆရာမကြီး ​ဒေါ်ခင်​ဌေးဝင်းက အသက်၈၅ နှစ်အထက် အသက်ကြီးအဘိုးအဘွားများအား​ ထောက်ပံ့​ငွေ​ပေးအပ်ရခြင်းနှင့် ပတ်သက်၍ရှင်းလင်း​ပြောကြားခဲ့သည်။
ထို့​နောက် မြို့နယ်အုပ်ချုပ်​ရေးမှူးနှင့် တာဝန်ရှိသူများက အသက်ကြီးဘိုးဘွား (၇၅၀)ဦး အတွက် ​တစ်ဦးလျှင်​ငွေကျပ်(၃၀၀၀ဝိ/)စီဖြင့်စုစု​ပေါင်း​ထောက်ပံ့​ငွေ (၂၂၅)သိန်းအား သက်ဆိုင် ရာ ရပ်ကွက်/​ ကျေးရွာ အုပ်ချုပ်​ရေးမှူးများထံ တစ်ဦးချင်းခွဲ​ဝေ​ပေးအပ်ခဲ့​ကြောင်း သိရသည်။
ချိုချို(ပြန်/ဆက်)