မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်း ပြုလုပ်ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်လျှပ်စစ် အင်ဂျင်နီယာရုံးတွင် ရုံးဝန်ထမ်းများနှင့် လျှပ်စစ်မီတာခ လာရောက် ပေးဆောင်ကြမည့် ပြည်သူများ ကိုဗစ်-၁၉ ရောဂါကာကွယ်နိုင်ရန်နှင့် မြို့နယ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက် နေသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် အထောက်အကူပြုစေရန် ရည်ရွယ်၍ စက်တင်ဘာ ၁၁ ရက်၊ နံနက် ၈ နာရီက ရုံးတွင်း၊ ရုံးပြင် ပိုးသတ်ဆေးပက်ဖျန်းခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လမိုင်းမြို့ရှိ အသက်(၈၅) နှစ်နှင့် အထက်သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ ငွေပေးအပ်

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ လမိုင်းမြို့၊ မြို့မ (၁) ရပ်ကွက် အတွင်းရှိ အသက်(၈၅) နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများအား လူမှုရေး ပင်စင်ထောက်ပံ့ငွေများကို ယနေ့ နံနက်ပိုင်းက အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနရုံး၌ မူကြိုအရွယ်ကလေးငယ်များ၏ မိဘများ စိတ်လူမှုဆိုင်ရာ ပံ့ပိုးကူညီခြင်း နှင့် အိမ်တွင်းရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ခြင်းဆိုင်ရာ အသိပညာပေးခြင်းကို ကျွမ်းကျင်ပညာရှင်များနှင့် onlineစနစ်ဖြင့် ဟောပြော

ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း မူကြိုကျောင်းများမဖွင့်မီ မူကြိုအရွယ်ကလေးငယ်များ၏ မိဘများအား စိတ်လူမှုဆိုင်ရာ ပံ့ပိုးကူညီခြင်းနှင့် အိမ်တွင်းရှေးဦးအရွယ် ကလေးသူငယ်ပြုစု ပျိုးထောင်ခြင်းဆိုင်ရာ အသိပညာပေးခြင်းကို ယမန်နေ့ မွန်းလွဲ ၁:၀၀နာရီအချိန်က မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်းရှိ ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနရုံး၌ ကျွမ်းကျင်ပညာရှင်များက online စနစ်ဖြင့် ဟောပြောခြင်းများ ဆောင်ရွက်ခဲ့သည်။

ကျိုင်းတုံမြို့ နာရီစင်တွင် အန္တရာယ်ကင်းပရိတ်ရွတ်ဖတ်ပူဇော်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့အထိမ်းအမှတ် နာရီစင်အား အန္တရာယ်ကင်း ပရိတ်ရွတ်ဖတ်ပူဇော်ပွဲကို ယနေ့နံနက် ၇ နာရီ က အမှတ်(၁)ရပ်ကွက် အဆိုပါ နာရီစင်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသတ်မှတ်ချက်များနှင့်အညီ ပြုလုပ်သည်။

ပန်းတောင်းမြို့နယ်အတွင်းရှိ ကျေးရွာများ၌ ကိုဗစ်-၁၉ ရောဂါ အသိပညာပေးလုပ်ငန်း များဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေးခြင်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ မွန်းလွဲပိုင်း က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်သင်းသင်းအေးနှင့် ဝန်ထမ်းများက မြို့နယ်အတွင်းရှိ ကျေးရွာများ၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သည်။

မိုင်းဖြတ်၌ အဋ္ဌမအကြိမ်မြောက် လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အကြို အသိပညာပေးဆိုင်းဘုတ်စိုက်ထူ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ၂၀၂၀ပြည့်နှင့် စက်တင်ဘာလ ၁၃ ရက်နေ့တွင်ကျရောက်မည့် အဋ္ဌမအကြိမ်မြောက် လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အကြို အသိပညာပေး ဆိုင်းဘုတ် စိုက်ထူးခြင်းကို ယနေ့ နံနက် ၁၀ နာရီအချိန်ခန့်က ပြည်ထောင်စုလမ်းမကြီးဘေး ပြည်သူ့ပန်းခြံရှေ့တွင် စိုက်ထူခဲ့ကြောင်း သိရသည်။

ရွှေတောင်မြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများသို့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်

ပြည်ခရိုင် ရွှေတောင်မြို့နယ်အတွင်းရှိ ကြာနီရပ်ကွက်၊ သရက်တောရပ်ကွက်၊ ယွန်းတန်းရပ်ကွက်နှင့် သဲတန်း၊ သလျှက်စွန်း၊ တောင်ရွာကျေးရွာအုပ်စုများသို့ ပြည်ခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ ဦးစီးမှူးနှင့် ဝန်ထမ်းများမှ ယမန်နေ့က ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်နိုင်ရေးနှင့် သဘာဝဘေးအန္တရာယ်များအတွက် ဆောင်ရန်၊ ရှောင်ရန်များကို အသံချဲ့စက်ဖြင့် အသိပညာပေး နှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပင်လည်ဘူးမြို့၌ (CERP) အစီအစဉ်ဖြင့် စိုက်ပျိုးထားသော စပါးမျိုးစေ့ထုတ်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းစေရေး၊ စပါးအထွက်နှုန်း ကောင်းစေ‌ရေး ကွင်းဆင်းဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး ပင်လည်ဘူးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ (CERP)အစီအစဥ်ဖြင့် မိုးစပါးမျိုးစေ့ထုတ်ကွက်များကို ဧက ၃၁၀ စိုက်ပျိုး ထားရှိရာ စပါးမျိုးစေ့ထုတ်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းစေရေး၊ စပါးအထွက်နှုန်းကောင်းစေ‌ရေးအတွက် မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ လက်ထောက်ဦးစီးမှူး ဦးမျိုးအောင်နှင့်ဝန်ထမ်းအဖွဲ့သည်

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် မိုင်းလုံမြို့တွင် အသိပေးကြေညာချက်များအား ဖြန့်ဝေခြင်း၊ အသိပေးကြေညာခြင်းလုပ်ငန်းများ ဆောင်ရွက်

ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကို ဟန့်တား၊ ထိန်းချုပ်နိုင်ရန်အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထုတ်ပြန်ထားသော ပြည်သူများသိရှိစေရန် အသိပေးကြေညာချက်များအား ဖြန့်ဝေခြင်း၊ အသိပေးကြေညာခြင်းလုပ်ငန်းများကို ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင် ယနေ့ နံနက်(၉)အချိန်ခန့်က ဆောင်ရွက်ခဲ့ကြသည်။

​အလုံမြို့နယ်တွင် ဆေးရုံဝန်ထမ်းများ၊ ဆေးရုံသို့လာ​သော ပြည်သူများ၊ စည်ပင်ဝန်ထမ်းများ၊ ကုန်တင်ကုန်ချလုပ်သားများနှင့် အ​နှေးယာဉ်လုပ်သားများအား ပါးစပ်နှာ​ခေါင်းစည်း(Mask)များ လှူဒါန်း

ရန်ကုန်အ​နောက်ပိုင်း၊ အလုံမြို့နယ်၊ သစ်​​တောရပ်ကွက် အုပ်ချုပ်​ရေးမှူး ဦး​အောင်စိုးနှင့် ​စေတနာ ရှင် အလှူရှင်များ စု​ပေါင်းကာ ရန်ကုန်အ​နောက်ပိုင်းခရိုင် အတွင်းရှိ ဆေးရုံဝန်ထမ်းများ၊ ​ဆေးရုံသို့ လာ​သောပြည်သူများ၊ စည်ပင်ဝန်ထမ်းများ၊ ကုန်တင် ကုန်ချလုပ်သားများ၊​ စျေးဝယ်သူများနှင့် အ​နှေးယာဉ်လုပ်သားများ အား ပါးစပ်နှာ​ခေါင်းစည်း(Mask)များကို ယမန်​နေ့ မွန်းလွဲ(၂)နာရီအချိန်က လှူဒါန်း​ခဲ့​ကြောင်း သိရသည်။
Subscribe to