လမိုင်းမြို့ရှိ အသက်(၈၅) နှစ်နှင့် အထက်သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ ငွေပေးအပ်

လမိုင်း   စက်တင်ဘာလ  ၁၁

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ လမိုင်းမြို့၊ မြို့မ () ရပ်ကွက် အတွင်းရှိ အသက်(၈၅) နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများအား လူမှုရေး ပင်စင်ထောက်ပံ့ငွေများကို ယနေ့ နံနက်ပိုင်းက  အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးခဲ့သည်။

အဆိုပါထောက်ပံ့ငွေများကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး ဌာန၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ စတုတ္ထသုံးလပတ်ဖြစ်သည့် ဇူလိုင်လ၊ ဩဂုတ်လ၊ စက်တင်ဘာလအတွက် ဘိုးဘွားတစ်ဦးကိုတစ်လလျှင် ငွေကျပ်(၁၀၀၀၀/-)နှုန်းဖြင့် သုံးလစာ ငွေကျပ် (၃၀၀၀၀/-) ကို လမိုင်းမြို့ မြို့မ () ရပ်ကွက်အတွင်းရှိ သက်ကြီးဘိုးဘွား (၃၄) ဦးအား မြို့မ() အုပ်ချုပ်ရေးမှူးဦးသန်း​​အောင်နှင့် တာဝန်ရှိသူများက ထောက်ပံ့ငွေများကို ဘိုးဘွားများ လက်ဝယ်သို့ အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ ပေးခဲ့ကြောင်းသိရသည်။

ဖြူဖြူအေး ( ပြန်/ဆက်)