မိုင်းဖြတ် စက်တင်ဘာ ၁၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ၂၀၂၀ပြည့်နှင့် စက်တင်ဘာလ ၁၃ ရက်နေ့တွင်ကျရောက်မည့် အဋ္ဌမအကြိမ်မြောက် လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အကြို အသိပညာပေး ဆိုင်းဘုတ် စိုက်ထူးခြင်းကို ယနေ့ နံနက် ၁၀ နာရီအချိန်ခန့်က ပြည်ထောင်စုလမ်းမကြီးဘေး ပြည်သူ့ပန်းခြံရှေ့တွင် စိုက်ထူခဲ့ကြောင်း သိရသည်။
ထိုသို့ အသိပညာပေးဆိုင်းဘုတ်စိုက်ထူရာတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလင်းဇော်ထွန်း၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြသည့် ဦးစိုင်းကျောက်နှင့် ဦးအားကို၊ မြို့နယ်လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥက္ကဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်၊ လူကုန်ကူးမှုတားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့၊ တပ်ဖွဲ့စိတ်(၁)တာချီလိတ်မှ ဒုရဲမှူး ဝင်းတင့်၊ ရဲအုပ်လှဘုန်းနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်မျိုး နှင့်ဌာနဆိုင်ရာများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ဖြူဖြူထွန်းနှင့်အဖွဲ့ဝင်များ တက်ရောက်ကြ သည်။
အဆိုပါ အသိပညာပေးဆိုင်းဘုတ်တွင် ကိုကြီးသန်း(ကျွန်းလှ)ရေးသားထားသော “လူကုန်ကူးမှု ပပျောက်ရေး ရှေ့တန်းကနေစွမ်းဆောင်ပေး” အသိပညာပေး ကဗျာနှင့် လူကုန်ကူးမှုတားဆီး ကာကွယ် ရေး လုပ်ငန်းများကို ပူးဆောင်ရွက်ရာတွင် ဆက်သွယ်ရမည့်ဖုန်းနံပါတ်များပါရှိကြောင်း သိရသည်။
သန်းထွန်းအေး(ပြန်/ဆက်)