မတူပီမြို့၌ ၂ နှစ်အောက်ကလေးငယ်များအား လစဉ် ပုံမှန်ကာကွယ်ဆေး ထိုးနှံခြင်းဆောင်ရွက်

မတူပီမြို့၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မိခင်နှင့်ကလေး ကျန်းမာရေးဌာန ၌ စက်တင်ဘာ (၉)ရက်နှင့် (၁၀)ရက်တို့တွင် မြို့ပေါ်(၄)ရပ်ကွက်အတွင်းရှိ အသက် (၂)နှစ်အောက် ကလေးငယ်များကို လစဉ်ပုံမှန်ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လပွတ္တာမြို့နယ်အတွင်းရှိ ကျေးရွာများသို့ ရန်ကုန် Stay Homeဒေသမှ ပြန်လည်ရောက်ရှိသူများအား Facility Quarantine Centre သို့ပို့ဆောင်

ဧရာ၀တီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ရန်ကုန်Stay Home ဒေသများမှ ပြန်လာသူ(၅၀)ဦးကို လပွတ္တာမြို့ အ.ထ.က(၃)မိုင်ရှိ Facility Quarantine Centre တွင် ယနေ့နံနက်ပိုင်းက ထားရှိပြီး ကြောင်း သိရသည်။

ရွာသစ်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် နေအိမ်ပြင်ပသို့ ထွက်ခွာ သွားလာနေသော ပြည်သူများအား Mask တပ်ဆင်ရေး အသိပညာပေး လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်

ကယားပြည်နယ်၊ ရွာသစ်မြို့တွင် ကိုရိုနာဗိုင်းရပ်စ် ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရန်နှင့် ထိန်းချုပ် ကုသနိုင်ရန်အတွက် နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာနေသော ပြည်သူများအား မဖြစ်မနေ Mask တပ်ဆင်ရေး အသိပညာပေးခြင်း လုပ်ငန်းများကို မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေး နှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များက ယမန်နေ့ နံနက် (၁၀) နာရီ အချိန်၌ လူသွား လူလာများသော လမ်းလေးဆုံနှင့် မြို့အဝင်နေရာတို့တွင် ဆောင်ရွက်ခဲ့သည်။

ဘုရားသုံးဆူမြို့တွင် အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်များပေးအပ်

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဘုရာသုံးဆူမြို့တွင် ၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ် စတုတ္ထသုံးလပတ် အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်များထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက် ၉ နာရီ အချိန်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ရပ်ကွက်အလိုက် အိမ်တိုင်ရာရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

မော်လမြိုင်ကျွန်းမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်တစ်လုံးပြိုကျ ပျက်စီးခဲ့သော ဘေးသင့်မိသားစုအတွက် ထောက်ပံ့ငွေပေးအပ်

လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ လပွတ်ကွဲနုံးတန်းကျေးရွာအုပ်စု၊ ရွှေခက်ကျေးရွာ၌ စက်တင်ဘာလ ၉ ရက်နေ့က မိုးသည်းထန်စွာရွာ သွန်းပြီး လေပြင်းတိုက်ခတ် မှုကြောင့် ပြိုကျပျက်စီးခဲ့သည့် နေအိမ်တစ်လုံး၊ အိမ်ထောင်စုတစ်စုမှ ဘေးသင့်ပြည်သူ ၂ ဦးအတွက် ထောက်ပံ့ ပစ္စည်းပေးအပ်ခြင်းကို ယမန်နေ့ ညနေ ၃ နာရီက ရွှေခက်ကျေးရွာ ဘေးသင့်ပြည်သူလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့သည်။

လှည်းကူးမြို့နယ်၌ ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီအဖွဲ့မှ လုပ်ငန်းညှိနှိုင်းဆွေးနွေး

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် တွေ့ဆုံဆွေးနွေးခြင်းနှင့် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီအဖွဲ့မှ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့ နံနက်(၁၀) နာရီက ရန်ကုန်မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင် ကျင်းပခဲ့သည်။

ကန်ပက်လက်မြို့၌ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ ကန်ပက်လက်မြို့နယ်၌ ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန် မြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးတွင် ကျင်းပပြုလုပ်ကြသည်။

သာစည်မြို့နယ်တွင် ပြည်သူများသိရှိလိုက်နာရန် ထုတ်ပြန်ချက်များလိုက်နာမှုရှိစေရေး စစ်ဆေးကြပ်မတ်ဆောင်ရွက်

သာစည်မြို့နယ်တွင် ကိုဗစ် -၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ရေးလုပ်ငန်းများ လျင်မြန်ထိရောက်စွာဆောင်ရွက်နိုင်ရေးအတွက် ပြည်သူများသိရှိလိုက်နာရန် ထုတ်ပြန်ချက်များလိုက်နာမှုရှိစေရေး တာဝန်ရှိသူများက ယမန်နေ့ မွန်းလွဲပိုင်းက စစ်ဆေးကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မချမ်းဘောမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် တားဆီးရေးနှင့် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ပူတာအိုခရိုင် မချမ်းဘောမြို့ပေါ်ရပ်ကွက်အတွင်း ကိုဗစ်-၁၉ ရောဂါထိန်းချုပ် ကာကွယ်ရေးနှင့် ပတ်သက်သည့် အသိပညာပေးနှိုးဆော်ခြင်းကို စက်တင်ဘာလ ၉ ရက်နေ့ ညနေ(၅) နာရီက အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။

ဝက်လက်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးအတွက် နေအိမ်ပြင်ပ ထွက်ခွာပါက နှာခေါင်းစည်း တပ်ဆင်ရေးလှုပ်ရှားမှုများ အရှိန်မြှင့်ဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့တွင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး အတွက် မြို့နယ်အဆင့် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေး ကော်မတီဝင်များ ကနှာခေါင်းစည်းများ တပ်ဆင်ခြင်းမရှိဘဲ နေအိမ်ပြင်ပသို့ ထွက်ခွာလာပါက၊ နှာခေါင်းစည်း တပ်ဆင်ရေးလှုပ်ရှားမှုကို
Subscribe to