ဆင်ပေါင်ဝဲမြို့ ၊ ဈေးရောင်း၊ ဈေးဝယ်များအား Mask တပ်ဆင်စေရေး၊ စည်ပင်သာယာဈေးအတွင်း ကြပ်မတ်ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၌ ကိုဗစ်-၁၉ ကူးစက်ပျံ့ပွားမူ မရှိစေရေး အတွက် စည်ပင်သာယာဈေးတွင် ဈေးရာင်းချသူ၊ဈေးဝယ်သူများအား မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမူဆောင်အရာရှိ ဦးစောသိန်းဦးနှင့် ဝန်ထမ်းများက အပူချိန်တိုင်းတာခြင်း ၊ နှာခေါင်းစည်း Mask များ တပ်ဆင် စေခြင်း လုပ်ငန်း များကို ယမန်နေ့ နံနက် ( ၈ ) နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကာမိုင်းမြို့၌ စားသောက်ဆိုင်များ ပါဆယ်စနစ်ဖြင့် ရောင်းချခွင့်ပြုနိုင်ရေး အသိပညာပေး လုပ်ငန်းဆောင်ရွက်

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမှ ကာကွယ်ထိန်းချုပ်သည့် အနေဖြင့် စားသောက်ဆိုင်များ ဆိုင်ထိုင်ရောင်းချခြင်းမှ ပါဆယ်စနစ်သို့ ရောင်းချခွင့်ပြုနိုင်ရေး အသိပညာပေး လုပ်ငန်းကို ယမန်နေ့ နံနက် ၁၁ နာရီက တစ်ဆိုင်ဝင် တစ်ဆိုင်ထွက် ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။

ချောင်းဆုံမြို့နယ်တွင် သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံရန် (၁၆၃၅) ဦးရှိ

ချောင်းဆုံမြို့နယ်တွင် မြန်မာနိုင်ငံရှိ အမျိုးသမီးများ၌ ဒုတိယဖြစ်ပွားမှုအများဆုံးဖြစ်သည့် သားအိမ်ခေါင်း ကင်ဆာရောဂါကို ကြိုတင် ကာကွယ်နိုင်ရန်အတွက် HPV (Human Papilloma Virus) ကာကွယ်ဆေးထိုးနှံခြင်းကို စက်တင်ဘာ ၂၀ ရက်နေ့တွင် အခမဲ့စတင် ထိုးနှံ ပေးသွား မည်ဖြစ်ကြောင်းသိရသည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်​ရေး နှာ​ခေါင်းစည်း (mask) နှင့် အသိပညာ​ပေး လက်ကမ်းစာ​စောင်များ အခမဲ့ဖြန့်​ဝေ

ကိုဗစ်-၁၉ ​ရောဂါ ပြည်တွင်းကူးစက်မှု မြင့်တက်လာ​နေသဖြင့်​ ရောဂါကူးစက်မှုလျော့ပါး​စေရန်အတွက်​ မော်လမြိုင်ခရိုင်၊ ကျိုက်မ​ရောမြို့နယ်တွင် အိမ်ပြင်ထွက်သူတိုင်း နှာ​ခေါင်းစည်း (mask) စနစ်တကျ တပ်ဆင်သွားလာ​စေရန်

ဝမ်းတွင်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး မြို့နယ်အဆင့်လုပ်ငန်းညှိနှိုင်းအစည်းဝေးပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး မြို့နယ်အဆင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် (၁၀) နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

နတ်မောက်မြို့တွင်  COVID -19 ရောဂါကာကွယ်၊ ထိန်းချုပ် ရေးအတွက် မြို့အဝင် အထွက် ဂိတ်များနှင့် လမ်းဆုံများတွင်      နှာခေါင်းစည်း ( Mask ) တပ်ဆင်ရေး အသိပညာပေးခြင်း လုပ်ငန်း အရှိန်အဟုန်မြှင့်ဆောင်ရွက်        

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့တွင် COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်ရေးအတွက် မြို့အဝင် အထွက် ဂိတ်များနှင့် လမ်းဆုံများတွင် နှာခေါင်းစည်း (Mask) တပ်ဆင်ရေး အသိပညာပေးခြင်းလုပ်ငန်းကို ယနေ့နံနက် (၈) နာရီက အရှိန်အဟုန်မြှင့်  ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

လှိုင်မြို့နယ်အတွင်းရှိ ပြည်သူများ အလင်း​ရောင်​ကောင်းမွန်စွာ ရရှိပြီး အန္တရာယ်ကင်းရှင်း​စေ​ရေး အတွက် LED 150 W လမ်းမီးအလုံး(၁၀၀) တပ်ဆင်​ဆောင်ရွက်

ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်အတွင်းရှိ ပြည်သူလမ်းသွားလမ်းလာများ ညဘက်တွင် အလင်းရောင် ကောင်းမွန်စွာ ရရှိစေရန်နှင့် ခိုးဆိုးလုယက်မှုအန္တရာယ်များမှ ကာကွယ်နိုင်ရန် ပြည့်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်​ကျော်​ကျော်ဦးနှင့် လှိုင်မြို့နယ် လျှပ်စစ်ရုံး (Hlaing YESC) တို့ ပူးပေါင်း၍ အဓိက လမ်းမကြီးတစ်ခုဖြစ်သည့် လှိုင်မြို့နယ် ၉ရပ်ကွက်၊ ၁၀ရပ်ကွက် ၁၁ရပ်ကွက် အတွင်းရှိ ဓမ္မာရုံလမ်းတစ်လျှောက်(အင်းစိန်လမ်းမထောင့်မှ ပြည်လမ်းထိပ်အထိ) လမ်းမီးကြိုး (၃၆၀၀) ပေခန့် တည်ဆောက်ပြီး

မော်လမြိုင်ကျွန်းမြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်ပြိုကျပျက်စီးခဲ့သော ဘေးသင့်ပြည်သူများအတွက် မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ထောက်ပံ့ပစ္စည်းများပေးအပ်

မော်လမြိုင်ကျွန်းမြို့နယ်၊ လပွတ်ကွဲနှုံးတန်းကျေးရွာအုပ်စု၊ ရွှေခက်ကျေးရွာတွင် စက်တင်ဘာ လ ၉ ရက်နေ့က လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့ သောနေအိမ် ၁ လုံး၊ အိမ်ထောင်စု ၁ စုမှ ဘေးသင့်ပြည်သူ ၂ ဦးအတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ

ဗန်းမော်မြို့နယ်တွင် ကိုဗစ်-၁၉ ကာလအတွင်း မသန်စွမ်းသူများအား ထောက်ပံ့ငွေများပေးအပ်

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်တွင် ပြန်လည်ထူထောင်ရေး ဦးစီးဌာန၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ရန်ပုံငွေမှ ကိုဗစ်-၁၉ ကာလအတွင်း မသန်စွမ်းသူများအား တစ်ဦးလျှင် ထောက်ပံ့ငွေကျပ် (၃၀၀၀၀)နှုန်းဖြင့် ယနေ့ နံနက် ၁၀ နာရီက ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ပင်လောင်းမြို့တွင် သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

ရပ်ကွက်နေပြည်သူများ သွေးလွန်တုပ်ကွေးရောဂါအန္တရာယ်မှ ကင်းဝေးစေရန်အတွက် အသိ ပညာပေးလုပ်ငန်းများကို ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်း မြို့နယ် မိခင်နှင့်ကလေးကျန်းမာရေးဌာနက ကန်သာဦးရပ်ကွက် ဓမ္မာရုံတွင် ယနေ့နံနက်ပိုင်း က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to