ကျန်းမာသန်စွမ်းသော လူစွမ်းအားအရင်းအမြစ်များ ပေါ်ထွန်းရေး ကလေးကစားကွင်းများ သန်လျင်၌ တည်ဆောက်ပေး
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ် စည်ပင်သာယာရေး ကော်မတီအနေဖြင့် ကျန်းမာသန်စွမ်းသော လူ့စွမ်းအားအရင်းအမြစ်များ ပေါ်ထွန်းရေး၊ အားကစားလိုက်စားခြင်းဖြင့် ထူးချွန်ထက်မြက်သော နိုင်ငံသားကောင်း ရတနာများ ပေါ်ထွန်းရေး၊ အချိန်ကိုအကျိုးရှိစွာ အသုံးပြုတတ်စေရေး စသည့် ရည်ရွယ်ချက်များဖြင့် သန်လျင်မြို့နယ်အတွင်း ကလေးအားကစားကွင်းနှင့် အားကစားလေ့ကျင့်ရေး စင်တာများကို တည်ဆောက်ဖွင့်လှစ်ပေးလျက် ရှိသည်။