ရွှေတောင်မြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများသို့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်

ရွှေတောင် စက်တင်ဘာ ၁၁

ပြည်ခရိုင် ရွှေတောင်မြို့နယ်အတွင်းရှိ ကြာနီရပ်ကွက်၊ သရက်တောရပ်ကွက်၊ ယွန်းတန်းရပ်ကွက်နှင့် သဲတန်း၊ သလျှက်စွန်း၊ တောင်ရွာကျေးရွာအုပ်စုများသို့ ပြည်ခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ ဦးစီးမှူးနှင့် ဝန်ထမ်းများမှ ယမန်နေ့က ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်နိုင်ရေးနှင့် သဘာဝဘေးအန္တရာယ်များအတွက် ဆောင်ရန်၊ ရှောင်ရန်များကို အသံချဲ့စက်ဖြင့် အသိပညာပေး နှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ရွှေတောင်မြို့ တို့၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး အတွက် ပြည်သူများမှ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ထားရှိသည့် ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ရန်၊ လူစုလူဝေး ရှောင်ကြဉ်ရန်နှင့် အပြင်ထွက်သည့်အခါတိုင်း နှာခေါင်းစည်း(Mask) တပ်ဆင်သွားလာကြရန်နှင့် လက်ကိုဆပ်ပြာနှင့် ဆေးကြောရန် စသည့် အချက်များ ၊ လက်ကမ်းစာစောင်ဝေငှခြင်းနှင့် လေဘေး၊ ရေဘေးနှင့် မိုးကြိုးဘေးအန္တရာယ်များ အတွက် ဆောင်ရန်၊ ရှောင်ရန်တို့ကို အသံချဲ့စက်ဖြင့် အသိပေး နှိုးဆော်ခြင်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကိုကိုမင်း(ပြန်/ဆက်)