ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနရုံး၌ မူကြိုအရွယ်ကလေးငယ်များ၏ မိဘများ စိတ်လူမှုဆိုင်ရာ ပံ့ပိုးကူညီခြင်း နှင့် အိမ်တွင်းရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ခြင်းဆိုင်ရာ အသိပညာပေးခြင်းကို ကျွမ်းကျင်ပညာရှင်များနှင့် onlineစနစ်ဖြင့် ဟောပြော

မရမ်းကုန်း စက်တင်ဘာ ၁၁

ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း မူကြိုကျောင်းများမဖွင့်မီ မူကြိုအရွယ်ကလေးငယ်များ၏ မိဘများအား စိတ်လူမှုဆိုင်ရာ ပံ့ပိုးကူညီခြင်းနှင့် အိမ်တွင်းရှေးဦးအရွယ် ကလေးသူငယ်ပြုစု ပျိုးထောင်ခြင်းဆိုင်ရာ အသိပညာပေးခြင်းကို ယမန်နေ့ မွန်းလွဲ ၁:၀၀နာရီအချိန်က မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်းရှိ ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနရုံး၌ ကျွမ်းကျင်ပညာရှင်များက online စနစ်ဖြင့် ဟောပြောခြင်းများ ဆောင်ရွက်ခဲ့သည်။

အဆိုပါ online စနစ်ဖြင့် ဟောပြောရာတွင် ရန်ကုန်တိုင်း​​​ဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာကေသီကျော်၊ ဒေါက်တာအေးမြတ်လွင်၊ ဒေါက်တာမြတ်သူစံနှင့် ရွှေဂုံတိုင် ကလေးပြုစုရေးဌာန အုပ်ချုပ်ရေးမှူး ဒေါ်ခိုင်သွယ်ဦး တို့က မူကြိုကလေးမိဘများအား စိတ်ဖိစီးမှုများ လျှော့ချနိုင်စေရန်နှင့် အိမ်မှာနေစဉ် ကာလအတွင်းရှိသည့် အနေအထားနှင့် ကလေးများ ဖွံ့ဖြိုး တိုးတက်စေရေး ပြုစုပျိုးထောင်နိုင်သည့် နည်းလမ်းများကို Zoom application ဖြင့် ဟောပြော ဆွေးနွေး ဆောင်ရွက်ကြရာ ကလေးမိဘများမှ ပြန်လည်မေးမြန်းဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အေးအေးအောင်(ပြန်/ဆက်)