မိုင်းလုံ စက်တင်ဘာ ၁၁
ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကို ဟန့်တား၊ ထိန်းချုပ်နိုင်ရန်အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထုတ်ပြန်ထားသော ပြည်သူများသိရှိစေရန် အသိပေးကြေညာချက်များအား ဖြန့်ဝေခြင်း၊ အသိပေးကြေညာခြင်းလုပ်ငန်းများကို ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင် ယနေ့ နံနက်(၉)အချိန်ခန့်က ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် စည်ပင်သာယာရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးကျော်ကိုကို၊ မိုင်းလုံမြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ တားဆီး၊ ထိန်းချုပ်ရေး ကော်မတီဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ စုပေါင်း၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထုတ်ပြန်ထားသော ပြည်သူများသိရှိစေရန် အသိပေး ကြေညာချက်များအား လူစည်ကားသော လက်ဖက်ရည် ဆိုင်များ၊ စားသောက်ဆိုင်များ၊ ကုန်စုံဆိုင်များတွင် ဖြန့်ဝေခြင်း၊ အသိပေးနိုးဆော်ကြေညာခြင်းများ ဆောင်ရွက်ခဲ့သည်။
ဆက်လက်၍ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံမှုကို ဟန့်တား၊ ထိန်းချုပ်နိုင်ရန်အတွက် ဈေးရောင်းသူများအား Hang gel များ အသုံးပြုစေခြင်း၊ လက်ဆေးဘေစင်များကို ထားရှိစေခြင်း၊ (mask)နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင်၍ ဈေးရောင်းစေခြင်းနှင့် ဈေးဝယ်သူများကိုလည်း (mask)နှာခေါင်းစည်းများ စနစ်တကျ တပ်တင်၍ဈေးဝယ်ရန်၊ ဈေးဝယ်ပြီးအိမ်ပြန်ရောက်သည့်အခါ အိမ်ထဲမဝင်မီ လက်ကိုစနစ်တကျဆေးပြီး နှာခေါင်းစည်း များကို စနစ်တကျစွန့်ပစ်ရန် စသည့် အသိပညာပေးလုပ်ငန်းများကိုအရှိန်အဟုန်မြှင့် ဆောင်ရွက် လျက်ရှိကြောင်း သိရှိရသည်။
ဇော်ဇော်( ပြန်/ဆက်)