ဝက်လက်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးအတွက် နေအိမ် ပြင်ပထွက်ခွာပါက နှာခေါင်းစည်း တပ်ဆင်ရေး လှုပ်ရှားမှုများအား ပူးပေါင်းအဖွဲ့များ ဖြင့် အရှိန်အဟုန်မြှင့်ဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့တွင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးအတွက် မြို့နယ်အဆင့် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေးကော်မတီဝင်များနှင့် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များက ပြည်သူများ မလိုအပ်ပဲ နေအိမ်ပြင်ပ မထွက်ကြရန်နှင့် မဖြစ်မနေ အပြက်ထွက် ရပါက နှာခေါင်းစည်း (Mask) များ စနစ်တကျတပ်ဆင်ပြီးမှ

သာယာဝတီမြို့တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါ ပြန့်ပွားလာမှု မရှိစေရေး အသိပညာပေးခြင်း၊ Mask များ အခမဲ့ဖြန့်ဝေပေးခြင်းနှင့် ဖျော်ဖြေရေးလုပ်ငန်းများ ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့တွင် ပရဟိတအဖွဲ့များ ပူးပေါင်း၍ ကိုဗစ်-၁၉ ကူးစက်ရောဂါ ပြန့်ပွားလာမှု မရှိစေရေးအတွက် အသိပညာပေးခြင်း၊ Mask များ အခမဲ့ဖြန့်ဝေခြင်းနှင့် ဖျော်ဖြေရေး လုပ်ငန်းများကို ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြသည်။

ပန်းတနော်မြို့ စည်ပင်သာယာစျေးကြီးတွင် ရောင်းချလျက်ရှိသော စျေးသည်များနှင့် စျေးဝယ်သူများ နှာခေါင်းစည်းများတပ်ဆင်ရန် ကြပ်မတ်ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် စည်ပင်သာယာစျေးကြီးအတွင်း ရောင်းချလျက်ရှိသော စျေးသည်များနှင့် စျေးဝယ်များ နှာခေါင်းစည်းများ တပ်ဆင်ရန် ယမန်နေ့ နံနက် ၉ နာရီက ကြပ်မတ်စစ်ဆေးဆောင်ရွက်ခဲ့သည်။

ဒုတိယအကြိမ် မဲစာရင်းများ ကပ်ထားကြေညာရာတွင် ပြည့်စုံမှန်ကန်မှုရှိစေရေး စစ်ဆေး

၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ ၈ရက်နေ့၌ ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပထအကြိမ် ကြေညာထားသည့် မဲစာရင်းတွင် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်သည့်လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကာ ပိုမိုပြည့်စုံမှန်ကန်မှုရှိစေရန် စက်တင်ဘာ ၁၀ရက် နံနက်ပိုင်းက မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး၌ ပထမအကြိမ် မဲစာရင်းနှင့် ပြင်ဆင်ထားသည်များ စစ်ဆေးလျက်ရှိကြောင်း သိရသည်။

ဒိုက်ဦးမြို့နယ်တွင် (၇၂)မိုင်​ အုတ်​ရှစ်​ကုန်း အမြန်​လမ်းမကြီး ရဲတပ်​ဖွဲ့စခန်းမှ ကိုဗစ်-၁၉ ကာလ အတွင်း ပြည်​သူ့အကျိုးပြုလုပ်​ငန်းများ​ဆောင်​ရွက်​

(၇၂)မိုင်​ အုတ်​ရှစ်​ကုန်း အမြန်​လမ်းမကြီး ရဲတပ်​ဖွဲ့စခန်းမှ ကိုဗစ်-၁၉ ကာလအတွင်း ပြည်​သူ့ အကျိုးပြုလုပ်​ငန်းများကို ယမန်နေ့ နံနက်​ ၈ နာရီ အချိန်မှ ၉ နာရီ ၄၅ မိနစ်အချိန်တွင် ဒိုက်ဦးမြို့(၇၂မိုင်)အုတ်ရှစ်ကုန်းအမြန်လမ်းမကြီး စခန်းမှူး ရဲအုပ်ဝင်းထွန်း ဦးစီးတပ်ဖွဲ့ဝင်များသည် ရဲစခန်းရှေ့လမ်းကျယ်သည့် နေရာတွင် အမြန်လမ်းမကြီးဘေး ပတ်ဝန်းကျင် ကျေးရွာများမှ လမ်းမကြီးပေါ်နှင့် လမ်းဘေးမြေသားလမ်းအား အသုံးပြုသွားလာနေကြသည့်

မိတ္ထီလာမြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး စားသောက်ဆိုင်များ၊ လက်ဘက်ရည်ဆိုင်များ ဆိုင်ထိုင်စနစ်ဖြင့်ရောင်းချခြင်းမရှိဘဲ ပါဆယ်စနစ်ဖြင့်သာ စတင်ရောင်းချလျက်ရှိ

မိတ္ထီလာမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး စားသောက်ဆိုင်များနှင့် လက်ဘက်ရည်ဆိုင်များ ယမန်နေ့မှစတင်၍ ဆိုင်ထိုင်စနစ်ဖြင့် ရောင်းချခြင်းမရှိဘဲ ပါဆယ်စနစ်ဖြင့်သာ ရောင်းချလျက်ရှိကြောင်း သိရသည်။

ကျောက်ကြီးမြို့နယ် ရဲတပ်ဖွဲ့ဝင်များမှ (၅၆)နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ်၌ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ(၁)ရက် နေ့တွင် ကျရောက်မည့်(၅၆)နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးစောရှီရှို ဦးဆောင်သော ကျောက်ကြီးမြို့နယ် ရဲတပ်ဖွဲ့ဝင်များသည် ယမန်နေ့ နံနက် (၈)နာရီအချိန်က ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။

ပြည်ထောင်စုလွှတ်တော်ဖွံ့ဖြိုးရေးရန်ပုံငွေနှင့် ရှမ်းပြည်နယ်အစိုးရခွင့်ပြုရန်ပုံငွေများဖြင့် ရပ်ကွက်/ ကျေးရွာများတွင် ဆောင်ရွက်နေသည့်လုပ်ငန်းများအား ကြည့်ရှုစစ်ဆေး

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့တွင် ပြည်ထောင်စုလွှတ်တော်ဖွံ့ဖြိုးရေး ရန်ပုံငွေသိန်းတစ်ထောင်မှ ခွင့်ပြုရန်ပုံငွေ သိန်း၅၀ဖြင့် ဆောင်ရွက်သည့်လုပ်ငန်းများနှင့် ရှမ်းပြည်နယ် အစိုးရခွင့်ပြုရန်ပုံငွေ သိန်း၅၀ဖြင့် ဆောင်ရွက်သည့်လုပ်ငန်းသို့ မူဆယ်မြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နှင့်အဖွဲ့သည် စက်တင်ဘာလ(၉)ရက်နေ့ မွန်းလွဲပိုင်းတွင် ဆောင်ရွက်နေမှု အခြေအနေနှင့် ပြီးစီးမှုအခြေအနေများကို လိုက်လံကြည့်ရှု စစ်ဆေးခဲ့သည်။

လိပ်သိုမြို့ မာဒေးကျေးရွာ အခြေခံပညာမူလတန်းကျောင်းတွင် KMSS တောင်ငူမှ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးပစ္စည်းများ လှူဒါန်းပေးအပ်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ မာဒေးကျေးရွာ အခြေခံပညာမူလတန်းကျောင်းတွင် တောင်ငူမြို့ ဂရုဏာလူမှုစည်းလုံးညီညွတ်ရေးအသင်း (KMSS) မှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးတုန့်ပြန်ရေးစီမံချက်အရ လိုအပ်သည့် အသုံးအဆောင်ပစ္စည်းများကို ယမန်နေ့နံနက်က ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ဇေယျာသီရိမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်

နေပြည်တော်ကြက်ခြေနီကြီးကြပ်မှု ကော်မတီမှ ဇေယျာသီရိမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများနှင့်ပူးပေါင်းကာ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး အတွက် အသိပညာပေးခြင်း လုပ်ငန်းများကို ယမန်နေ့ မွန်းလွဲပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to