ပန်းတောင်းမြို့နယ်အတွင်းရှိ ကျေးရွာများ၌ ကိုဗစ်-၁၉ ရောဂါ အသိပညာပေးလုပ်ငန်း များဆောင်ရွက်

ပန်း​တောင်း စက်တင်ဘာ ၁၁

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေးခြင်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ မွန်းလွဲပိုင်း က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်သင်းသင်းအေးနှင့် ဝန်ထမ်းများက မြို့နယ်အတွင်းရှိ ကျေးရွာများ၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင် ရေဝင်ကျေးရွာ၊ သီးကုန်းကျေးရွာ၊ တောင်ဘွေကျေးရွာ၊ သောင်ကြီးကျေးရွာတို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ပြည်သူများ သိရှိ စေရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ထားရှိသည့် ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ရန်၊ လူစုလူဝေးရှောင်ရှားရန်၊ လက်ကိုမကြာ ခဏဆေးကြောရန်၊ အပြင်ထွက်သည့်အခါတိုင်း နှာခေါင်းစည်း Mask များ တပ်ဆင်သွားလာ ကြရန် စသည်တို့ကို အသံချဲ့စက်ဖြင့် အသိပညာပေးနိုးဆော်ခြင်းများ၊ ကိုဗစ်-၁၉ နံရံ ကပ်စာစောင် ပြသခြင်းလုပ်ငန်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သင်းသင်းအေး(ပြန်/ဆက်)