စေတုတ္တရာ စက်တင်ဘာ ၁၁
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ မြို့နယ် အတွင်း၌ ကျေးလက်ဒေသများရှိ ဒေသခံပြည်သူများ ရာသီမရွေး သွားလာမှုအဆင်ပြေစေရန်နှင့် လယ်ယာထွက်ကုန်များ တင်ပို့ရောင်းချရာတွင် အဆင်ပြေလွယ်ကူစေရန်အတွက် ကျေးလက်လမ်းများကို အရှိန် အဟုန်မြှင့် တိုးချဲ့ဆောင်ရွက်လျက်ရှိရာ အလယ်ဟန်ဒေါက်-ဘူး-ချီကျေးရွာချင်းဆက်လမ်းအား လမ်းတာချဲ့၍ မြေသားလမ်းဖောက်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ရာ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
အလယ်ဟန်ဒေါက်-ဘူး-ချီ ကျေးရွာချင်းဆက်လမ်း လမ်းအရှည် (၃)မိုင်၊ အကျယ်(၁၆)ပေအား လမ်းတာချဲ့၍ မြေသားလမ်းဖောက်လုပ်ခြင်းလုပ်ငန်းကို ၂၀၁၉-၂၀၂၀ဘဏ္ဍာနှစ် တိုင်းဒေသကြီး ခွင့်ပြု ရန်ပုံငွေ ကျပ်(၅၄)သန်းဖြင့် မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
အဆိုပါလုပ်ငန်း ဆောင်ရွက်ပြီးစီးပြီဖြစ်သောကြောင့် အလယ်ဟန်ဒေါက်ကျေးရွာအုပ်စု၊ ဘူးကျေး ရွာအုပ်စုနှင့် ချီကျေးရွာအုပ်စုများမှ ဒေသခံပြည်သူများ အတွက် ရာသီမရွေးသွားလာနိုင်ပြီး လယ်ယာ ထွက်ကုန်များ တင်ပို့ရောင်းချရာတွင် အကျိုးပြုနိုင်မည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနမှ ဦးစီးအရာရှိ(မြို့ပြ) ဒေါ်နိုင်နိုင်ရွှေက ပြောကြားသည်။
စည်သူလွင်(ပြန်/ဆက်)