မယ်စဲ့ စက်တင်ဘာ ၁၁
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် (၅၆)နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ယနေ့နံနက် ၇ နာရီက မယ်စဲ့မြို့အဝင် ရတနာရန်အောင် စေတီတော်၌ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဘုန်းနိုင် ဦးစီး၍ ရဲတပ်ဖွဲ့ဝင် (၂၀)ဦး တို့သည် မယ်စဲ့မြို့အဝင် ရတနာရန်အောင် စေတီတော်ရင်ပြင် သန့်ရှင်းရေး ပြုလုပ်ခြင်း၊ စေတီတော် အတွင်းနှင့်အပြင်ရှိ မြက်ပင်၊ ချုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်သရိုက်များ ရှင်းလင်းကာ ပြည်သူအကျိုးပြု စုပေါင်း သန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဝတ်ရည်(ပြန်/ဆက်)