ပလောက်မြို့အတွင်း ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်နှင့် သဘာဝဘေးအန္တရာယ်များအကြောင်းသိရှိစေရန် အသံချဲ့စက်များဖြင့် လိုက်လံနှိုးဆော်

ပလောက်၊ စက်တင်ဘာ ၁၁ 

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ပုလောမြို့နယ်ရုံးမှတာဝန်ရှိသူများနှင့် ပလောက်မြို့၊ ဟိတကာရီလူမှုကူ ညီရေးအသင်း၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့်ရာအိမ်မှူးတို့ပူးပေါင်း၍ မြို့ပေါ် ရပ်ကွက်များနှင့် ဆင်ထိုးကြီးကျေးရွာအုပ်စုတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်နှင့် သဘာဝဘေးအန္တရာယ်များအကြောင်းသိရှိစေရန် အသံချဲ့စက်များဖြင့် ယနေ့နံနက်(၈) နာရီအချိန်ခန့်က လိုက်လံနှိုးဆော်ခဲ့ကြောင်း သိရသည်။

ထိုသို့နှိုးဆော်ရာတွင် မြို့ပေါ်ရပ်ကွက်များနှင့် ဆင်ထိုးကြီးကျေးရွာအုပ်ရှိ ကျေးရွာများ၌ ကိုဗစ် - ၁၉ရောဂါ ကြိုတင်ကာကွယ်ရေးနှင့်ပတ်သက်၍ ရောဂါကူးစက်ပျံ့နှံ့မှုကို ဆက်လက်ထိန်း ချုပ်နိုင်ရန်နှင့် ပြည်သူများတိကျစွာလိုက်နာနိုင်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန် ကြီးဌာနမှထုတ်ပြန်ထားသော အသိပညာပေးကြေညာချက်များဖြစ်သည့် လူစု၊ လူဝေးသွား ရောက်ခြင်း၊ ရှောင်ကြဉ်ကြရန်၊ ပြင်ပသို့သွားလာရာတွင် နှာခေါင်းစည်းမဖြစ်မနေ တပ်ဆင်ကြရန်၊ အပြင်မှပြန်လာပြီးတိုင်း လက်ကိုစနစ်တကျဆေးကြောသန့်စင်ကြရန် စသည့် ကာကွယ် ရေးနည်းလမ်းများကို ပြည်သူများသိရှိစေရန်နှင့် သဘာဝဘေးအန္တရာယ်အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

နှင်းမြူလွင်(ပလောက်ပြန်/ဆက်)