မြစ်ကြီးနား စက်တင်ဘာ ၁၁
လက်တလောဖြစ်ပွားနေသော ကိုဗစ်-၁၉ ရောဂါကာကွယ်တုံ့ပြန်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ကြက်ခြေနီစေတနာ့လုပ်အားရှင်များ အသုံးပြုနိုင်ရန်အတွက် စေတနာအလှူရှင် မိသားစုများက နှာခေါင်းစည်း (Mask)များကို ယမန်နေ့မွန်းလွဲ (၂)နာရီတွင် မြစ်ကြီးနားမြို့ ဧရာရပ်ကွက်ရှိ မြို့နယ်ကြက်ခြေနီ အသင်းခွဲရုံး၌ ပေးအပ်လှူဒါန်းခဲ့သည်။
အဆိုပါလှူဒါန်းရာတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလုပ်ငန်းများတွင် ကြက်ခြေနီစေတနာလုပ်အားရှင်များ အသုံးပြုနိုင်ရန်အတွက် အလှူရှင်များဖြစ်ကြသည့် ဒေါ်ချမ်းမြေ့အောင်နှင့် သူငယ်ချင်း များက (Mask) ၁၇ ဘူး၊ ဒေါ်ဝင်းဝင်းစိုးနှင့် ဗန်းမော်မိသားစုကုန်စုံဆိုင်မှ (Mask) ၁၀ ဗူး၊ ဦးအောင်ထက်မြင့်ကျော်မိသားစုနှင့် ဒေါ်မိုင်းမိုင်အောင်တို့မှ (Mask) ၁၃ ဘူး၊ ဒေါ်မွေးရင်နှင့် သူငယ်ချင်းများက (Mask) ၄၅ ဘူး စုစုပေါင်း (Mask) ၈၅ ဗူးတို့ကို အလှူရှင်များမှပေးအပ်ရာ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့မှူး ဦးတန်ရှန်နှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေး အပ်ခဲ့ကြောင်း သိရသည်။
စိန်ဝင်း(ပြန်/ဆက်)