မိုင်းပန်မြို့၌ ကွင်းဆင်း၍ လုပ်ငန်းဆောင်ရွက်နေရသော ဝန်ထမ်းများအတွက် နှာခေါင်းစည်းနှင့် လက်သန့်ဆေးရည်များပေးဝေ

မိုင်းပန်    စက်တင်ဘာ         ‌‌၁၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊မိုင်းပန်မြို့နယ်တွင် ကိုဗစ်-၁၉ ဖြစ်ပွားနေသည့် ကာလအတွင်း ကွင်းဆင်း၍ လုပ်ငန်းဆောင်ရွက် ရသည့် အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနမှ ဝန်ထမ်းများအတွက် နှာခေါင်းစည်းနှင့် လက်သန့်ဆေးရည်များအား ယနေ့ နံနက် (၁ဝ) နာရီအချိန်က နမ့်ပန်ခန်းမ အတွင်း၌ ပေးဝေခဲ့ကြောင်းသိရသည်။

ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့်ကာလအတွင်း အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရှိ ဝန်ထမ်းများသည် ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ် (CERP) အစီအစဉ်အရ ပြည်သူများထံသို့ ထောက်ပံ့ငွေ များပေးအပ်ခြင်းနှင့် ၂ဝ၂ဝ ပြည့်နှစ် နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲ၌ အရေးကြီးသည့် မဲဆန္ဒရှင်စာရင်းများ မြေပြင်ကွင်းဆင်း တိုက်ဆိုင် စစ်ဆေးနေရသည့် အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် နှာခေါင်းစည်း( Mask ) ၅ဝ ဘူး၊ Hand Sanitizer 500ml (၃၇)ဘူး၊ Hand Sanitizer 60ml (၄၈) ဘူး တို့အား ရန်ကုန်မြို့ My Care Plus Company မှ ပေးပို့လှူဒါန်းခဲ့မှုအပေါ် မြို့နယ်အုပ်ချုပ်ရေးမှူးဦးစိုးမင်းထက်နှင့် တာဝန်ရှိသူများမှ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနရှိ ဝန်ထမ်း (၄၁) ဦးအတွက် ခွဲဝေပေးအပ်ခဲ့ကြောင်း သတင်း ရရှိသည်။

ဆန်းမြင့်(ပြန်/ဆက်)