ကျိုက်လတ် စက်တင်ဘာ ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ယနေ့နံနက် ၇ နာရီခန့်ကစ၍ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်ခိုင်နှင့် ဝန်ထမ်းများက ကိုဗစ်-၁၉ ကာကွယ်ရေးအတွက် နှာခေါင်းစည်း (Mask)များ ဝေငှပေးခဲ့ကြသည်။
ရှေးဦးစွာ ဦးစန္ဒာလမ်းမကြီးနှင့် ၁၀လမ်းထိပ် လမ်းဆုံတွင်'' အပြင်ကိုဘာကြောင့်ထွက်ထွက် (Mask)တပ်ပါ''၊ ''သင့်ကြောင့်ကျိုက်လတ်မြို့နယ်ကို ကိုဗစ်-၁၉ရောဂါပိုး မကူးစက်ပါစေနဲ့'' အသိပညာပေး ဆိုင်းဘုတ်ကို စိုက်ထူပြီး '' ကျိုက်လတ်မြို့နယ် ပြည်သူများ ဘေးကင်းရေး မိမိကစပြီးကာကွယ်ဖို့(Mask) တပ်ကြပါစို့'' မကြာမကြာလက်ကိုဆေး၊ လူတိုင်းကျန်းမာရောဂါဝေး''၊ ''လူစုလူဝေးရှောင်ကြဉ်ပါ စကားပြောလျှင် ခြောက်ပေကွာ''၊ ''သံသယလက္ခဏာတွေ့ရှိလာ သက်ဆိုင်ရာသို့ သတင်းပေးပါ''၊ ''မိမိအိမ်အတွင်း နေထိုင်ခြင်းက ရောဂါကင်းပစိတ်ချရ''၊ ''ကိုဗစ်-၁၉ရောဂါ တားဆီးဖို့ အားလုံး(Mask) တပ်ကြပါစို့'' စသည့် ဆောင်ပုဒ်များကို ဝန်ထမ်းများက ကိုင်ဆောင်၍ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးနှင့် ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေး ခဲ့ကြပြီး နှာခေါင်းစည်း(Mask)များကို ပြည်သူ များအား လူစည်ကားသည့် လမ်းဆုံများ ဈေးများတွင် အခမဲ့ဝေငှ ပေးခဲ့ကြောင်း သိရသည်။
ရီရီမြင့်(ပြန်/ဆက်)