တောင်တွင်းကြီး စက်တင်ဘာ ၁၁
မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ်တွင် ၂၀၁၉-၂၀၂၀ အထွေထွေပိုလျှံရန်ပုံငွေဖြင့် ဘုရင့်နောင်လမ်းအား ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်း ဆောင်ရွက် လျက်ရှိရာ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်ဌေးနှင့် တာ၀န်ရှိသူများက ယမန်နေ့နံနက်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ဘုရင့်နောင်လမ်းအား ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် အထွေထွေပိုလျှံရန်ပုံငွေကျပ်(၁၆၁)သိန်းဖြင့် လမ်းအရှည် ၁၈၅၀ ပေ၊ လမ်းအကျယ် ၁၂ ပေ၊ ထု ၃ လက်မဖြင့် ကတ္တရာ ထပ်ပိုးလွှာခင်းကျင်းနေခြင်းဖြစ်ပြီး လက်ရှိအချိန်ထိ (၇၀)ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်းသိရသည်။
ဘုရင့်နောင်လမ်းသည် တောင်တွင်းကြီးမြို့နယ် ရွှေကြာအင်း(၁)ရပ်ကွက်နှင့် ရွှေအိုး(၂)ရပ်ကွက်တို့ကို ဆက်သွယ်ပေးထားသည့်လမ်းဖြစ်ပြီး အဆိုပါလမ်း ကတ္တရာ ထပ်ပိုးလွှာခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီး သွားပါက ရွှေကြာအင်း(၁) ရပ်ကွက်နှင့် ရွှေအိုး(၂)ရပ်ကွက်နေပြည်သူများ၊ မြို့နယ်သာသနာရေးဦးစီးဌာန၊ မြို့နယ်ကော်မရှင် အဖွဲ့ခွဲရုံး၊မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ရုံးများ သို့ အဆင်ပြေချောမွေ့စွာသွားလာနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)