ဝိုင်းမော် စက်တင်ဘာ ၁၁
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်၊ ခတ်ချိုကျေးရွာ၌ မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနမှ ဒုတိယ(၆)လပတ်၊ ဒုတိယအကြိမ် ကျွဲ၊ နွားလည်ချောင်းကွဲ ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့နံနက် (၇) နာရီက ကွင်းဆင်းထိုးနှံပေးခဲ့သည်။
အဆိုပါ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာ အက်စ်ယိန်းခေါနှင့် ဝန်ထမ်းများ၊ သင်တန်းသူ/သင်တန်းသားများက ခတ်ကျေးရွာ၌ စက်တင်ဘာ (၈) ရက်မှစတင်၍ ကာကွယ်ဆေး ထိုးနှံပေးခဲ့ရာ ကျွဲ(၆၈)ကောင်၊ နွား(၁၂၀)ကောင် တို့အားထိုးနှံပေးခဲ့ပြီး ဝိုင်းမော်မြို့နယ်အတွင်းရှိ ကျန်ရှိသော ရပ်ကွက်/ကျေးရွာများအတွင်းရှိ ကျွဲ၊ နွားများကိုလည်း ဆက်လက်ထိုးနှံပေးသွားမည် ဖြစ်ကြောင်း မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနရုံးမှ သိရှိရသည်။
ခိုင်သက်မွန်(ပြန်/ဆက်)