ထီးလင်းတွင် မိုးစပါးမျိုးစေ့ထုတ် စိုက်ပျိုးသည့် တောင်သူများအား ဒုတိယအကြိမ် ထောက်ပံ့ငွေများ ပေးအပ်

ထီးလင်း  စက်တင်ဘာ  ၁၁

ကိုဗစ်−၁၉ စီးပွားရေးကုစားမှုအစီအစဉ် (CERP) အရ မိုးစပါးမျိုးစေ့ထုတ် စိုက်ပျိုးသည့် တောင်သူများအား နိုင်ငံတော်မှထောက်ပံ့ငွေ ဒုတိယအကြိမ် ပေးအပ်ပွဲကို ယမန်နေ့ နေ့လယ် ၃ နာရီခွဲက ဂန့်ဂေါခရိုင် ထီးလင်းမြို့ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

အခမ်းအနားတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးခင်မောင်ထူးက မိုးစပါးမျိုးစေ့ထုတ် စိုက်ပျိုးသည့်တောင်သူများအား ထောက်ပံ့ငွေများ ပေးအပ်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး မျိုးကွဲနုတ်ပယ်ခြင်းအတွက် ၅၀၀၀၀/-ကျပ်၊ မျိုးစေ့ သန့်စင်ခြင်းအတွက် ၁၅၀၀၀/-ကျပ်ကို တစ်ဧကလျှင် ၆၅၀၀၀/-ကျပ် နှုန်းဖြင့် မိုးစပါး မျိုးစေ့ထုတ် (၁၀) ဧက စိုက်ပျိုးသည့် သရခါကျေးရွာနှင့် ပုဏ္ဏားကျေးရွာ တို့မှ တောင်သူ (၉)ဦး တို့အား စုစုပေါင်း ၆၅၀၀၀၀/-ကျပ် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

အောင်စည်(ပြန်/ဆက်)