ဟိုပုံး စက်တင်ဘာ ၁၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး၊ ထိန်းချုပ်ရေးနှင့် ကူးစက်မှုမရှိစေရေးတို့အတွက် မြို့မဈေး၌ နှာခေါင်းစည်း (Mask)များ ဖြန့်ဝေခြင်း၊ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် သဘာဝဘေး အန္တရာယ်ဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့နံနက် ၈ နာရီ အချိန် က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ နှာခေါင်းစည်း (Mask)များ ဖြန့်ဝေခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းလုပ်ငန်းကို ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းထွန်း၊ မြို့နယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးမောင်မောင်မြင့်၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ စေတနာ့ ဝန်ထမ်းများနှင့် မြို့နယ်မီးသတ်တပ်ဖွဲ့တို့က မြို့မဈေးသို့လာရောက်သည့် ဈေးသူ/ဈေးသားများနှင့် ဈေးဝယ်များအား နှာခေါင်းစည်းများကို စနစ်တကျ တပ်ဆင်ကြရန်ဟောပြောပြီး နှာခေါင်းစည်း (Mask)၅၀၀ခု အခမဲ့ဖြန့်ဝေ ပေး၍ ကျန်းမာရေးအသိပညာပေး ပြောကြားပြီးနောက် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင် များကိုလည်း ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
နေမင်းထွန်း(ဟိုပုံး)