မြစ်သားမြို့တွင် ဒုတိယအကြိမ်အဖြစ် "ကျန်းမာရေးစောင့်ရှောက်မှုစွမ်းရည်မြှင့်တင်ပေးရန်အတွက် Mobile Tablets အသုံးပြု မြို့နယ်အဆင့် မွမ်းမံသင်တန်း"ဖွင့်လှစ်

မြစ်သား၊  စက်တင်ဘာ ၁၁

မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယအကြိမ် "Reorientation Training for PHS 2 Through Mobile Tablets" မြို့နယ်အဆင့် မွမ်းမံသင်တန်းကို ယနေ့နံနက်(၉)နာရီက မြို့နယ်ပြည်သူ့ဆေးရုံသင်တန်းခန်းမ၌ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

သင်တန်းတွင် သင်တန်းနည်းပြများအဖြစ် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာ စန္ဒီစုကြည်နှင့် ဦးအာကာဖြိုး (ကျန်းမာရေးမှူး)တို့က  မြစ်သားမြို့နယ်အတွင်းရှိ ကျန်းမာရေးကြီးကြပ် () ဝန်ထမ်းများအား ပြည်သူလူထုအကြား ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန်နှင့် ပြည်သူ့ကျန်းမာရေးကြီး ကြပ် () ဝန်ထမ်းများ၏  ပြည်သူလူထုအတွင်း ကျန်းမာရေးစောင့်ရှောက်မှု စွမ်းရည်မြှင့်တင်ပေးရန်အတွက် Mobile tablets" အသုံးပြုပြီး  သင်ကြားပို့ချပေးခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ သင်တန်းကို ပထမအကြိမ်တွင် သြဂုတ်လ(၁၀)ရက်နေ့မှ (၁၄)ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး ဒုတိယအကြိမ်အဖြစ် စက်တင်ဘာလ()ရက်နေ့မှ(၁၁)ရက်နေ့ထိ နံနက်()နာရီမှ ညနေ ()နာရီအချိန်ထိ ဖွင့်လှစ်သင်ကြားပေးလျက်ရှိပြီး မြို့နယ်အတွင်းရှိ ကျန်းမာရေးကြီးကြပ်()ဝန်ထမ်းများ တက်ရောက်ကြကြောင်း သိရသည်။

မြမြမွန်(ပြန်/ဆက်)