ကျောက်ဆည်၊ စက်တင်ဘာ ၁၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် အရှေ့ငယ်တိုးကျေးရွာတွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသက် (၁၈) နှစ်ပြည့်ပြီးသူတိုင်း ဆန္ဒမဲပေးနိုင်ရေး နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကျေးရွာပြည်သူ (၁၀၄) ဦးအား ယနေ့နံနက် ၉ နာရီက အဆိုပါကျေးရွာ ဓမ္မာရုံတွင်ပေးအပ်ခဲ့ကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံး ဝန်ထမ်းများမှ နိုင်ငံသားစိစစ်ရေးကတ်ပြားများပြုလုပ်ရန်အတွက် အချက်အလက်များ ပြုစုရေးသွင်းများကို ကျေးရွာအရောက် အခမဲ့လာရောက်ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ပြီး အရှေ့ငယ် တိုးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစောထွန်းနိုင်နှင့် ရာအိမ်မှူးများမှ ကျေးရွာပြည်သူ (၁၀၄) ဦးအား အသက် (၁၈) ပြည့်ပြီးသူများ မဲပေးပိုင်ခွင့်မဆုံးရှုံးစေရေးအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို လက်ဝယ်အရောက်ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
တင်တင်ထွေး(ခရိုင်ပြန်/ဆက်)