ဝိုင်းမော်မြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် နှာခေါင်စည်း (Mask)များနှင့် လက်သန့်ဆေးရည်များ အခမဲ့ဖြန့်ဝေခြင်းနှင့် အသိပညာပေးခြင်း များဆောင်ရွက်

ဝိုင်းမော်  စက်တင်ဘာ  ၁၁

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေခြင်းနှင့် အသိပညာပေးခြင်းများ ဆောင်ရွက် ခြင်းလုပ်ငန်းကို ယမန်နေ့ ညနေ ၄ နာရီအချိန်၌ မြို့ဝင်ဂိတ်၊ ညနေဈေးနှင့် သာဂရဈေးတွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပူးပေါင်း ဆောင်ရွက်ခဲ့သည်။

အဆိုပါမြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး ကော်မတီအဖွဲ့ဝင်များမှ မြို့ဝင်ဂိတ်၌ ခရီးသွား ပြည်သူများ နှာခေါင်းစည်း (Mask)တပ်ဆင်ထားခြင်း ရှိ/မရှိနှင့် ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသ ကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့မှ ခရီးသွားပြည်သူများ ဝင်ရောက်လာမှု မရှိစေရေးအတွက် စစ်ဆေး ဆောင်ရွက်ခဲ့သည်။

ဆက်လက်၍ ဝိုင်းမော်မြို့နယ်ရှိ ညနေ့ဈေးများ၌ ဈေးရောင်းချသူများ၊ ဈေးဝယ်လာသူများအနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းများနှင့်အညီ လိုက်နာဆောင်ရွက်ရန် အသိပညာပေးခြင်းများကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနှင့် မြို့နယ် ဆရာဝန်ကြီး ဒေါက်တာသိန်းမြို့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဦးဆန်းအောင်နှင့် ဌာနဆိုင်ရာများ လိုက်ပါဆောင်ရွက်ခဲ့ပြီး နှာခေါင်းစည်း (Mask)များ၊ လက်သန့်ဆေးရည်များ အခမဲ့ ဖြန့်ဝေပေးခဲ့ သိရှိရသည်။

ခိုင်သက်မွန်(ပြန်/ဆက်)