ကလော စက်တင်ဘာ ၁၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကလောမြို့နယ် တောင်လားကျေးရွာအုပ်စု၊ မြင်းစိုင်းကုန်းကျေးရွာ တွင် ဘိန်းစိုက်ပျိုးမှု လျော့နည်း ပပျောက်စေရေးအတွက် ယနေ့ နံနက် ၁၀ နာရီအချိန်ခန့်က အဆိုပါကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းတွင် အသိပညာပေး ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကလောမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်မျိုးလွင်က ကျေးရွာ(၅)ရွာမှ ဒေသခံ ပြည်သူများနှင့် တွေ့ဆုံ၍ ဘိန်းစိုက်ရာသီ နီးကပ်လာပြီဖြစ်၍ ဘိန်းစိုက်ပျိုးခြင်း မပြုရန်နှင့် ဘိန်းစိုက်ပျိုး ထုတ်လုပ်ခြင်းနှင့် ပတ်သက်၍ ရရှိလာနိုင်သည့် ဆိုးကျိုးလက္ခဏာများအား လည်းကောင်း၊ ကလော မြို့မစခန်းမှူး ၊ ဒုရဲမှူးလှနိုင်က ဘိန်းအစားထိုး ဆောင်းသီးနှံများ စိုက်ပျိုး ကြရန်နှင့် လက်ရှိဖြစ်ပွားနေသော ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သတ်၍ လူထူထပ်သော နေရာ များအား သွားလာခြင်းမပြုရန်၊ သွားရောက်မည်ဆိုပါက နှာခေါင်းစည်း (Mask) အား စနစ်တကျ တပ်ဆင်သွားရောက်ကြရန် အသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်ခဲ့ရာ ကျေးရွာ (၅)ရွာမှ ကျေးရွာသူ /သား (၅၀) ဦးခန့်တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)