ငါန်းဇွန်မြို့နယ် အခြေခံပညာကျောင်းများအတွက် ကျောင်းသုံးဗလာစာအုပ်၊ ဘောပင်နှင့် ခဲတံများပေးပို့

ငါန်းဇွန်၊  စက်တင်ဘာ ၁၁

မန္တလေးတိုင်းဒေသကြီး အခြေခံပညာဦးစီးဌာန တိုင်းဒေသကြီးပညာရေးမှူးရုံးမှ ၂၀၂၀-၂၀၂၁ ပညာ သင်နှစ် ငါန်းဇွန်မြို့နယ်အတွင်းရှိ အခြေခံပညာ(ထက်၊ လယ်၊ မူ)ကျောင်းများအတွက် ချထားပေးသော ကျောင်းသုံးဗလာစာအုပ်၊ ဘောပင်နှင့်ခဲတံများ ယမန်နေ့မွန်းလွဲ ၁၂ နာရီခွဲအချိန်က မြို့နယ်ပညာရေးမှူးရုံးသို့ပေးပို့ခဲ့ကြောင်း သိရသည်။

ထိုသို့ပေးပို့ရာတွင် မြို့နယ်စက်ပစ္စည်းနှင့် ပရိဘောဂဆိုင်ရာအရည်အသွေးစိစစ်လက်ခံရေးအဖွဲ့မှ အဖွဲ့ဝင် ဦးဇော်ဝင်း (မြို့နယ်အုပ်ချုပ်ရေးမှူး) သည် မြို့နယ်ပညာရေးမှူး ဒေါ်နွဲ့နွဲ့သိန်းနှင့် ပညာရေးဝန်ထမ်းများနှင့်အတူ တိုင်းဒေသကြီးပညာရေးမှူးရုံးမှ ငါန်းဇွန်မြို့နယ်အတွင်းရှိ အခြေခံပညာ(ထက်၊ လယ်၊ မူ) ကျောင်းများအတွက် ချထားပေးသော ဗလာစာအုပ် (၁၁၄၂၇)ဒါဇင်၊ ဘောပင်(၁၉၀၄)ဒါဇင်နှင့် ခဲတံ (၅၃၀၀) ဒါဇင်တို့အား စိစစ်လက်ခံခဲ့ကြောင်း သိရသည်။ 

သက်နောင်ဦး(ငါန်းဇွန်)