စဉ့်ကိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမဖြစ်ပေါ်စေရေးနှင့် ကာကွယ်ထိန်းချုပ်ရေးအတွက် Mask Campaign ပြုလုပ်

စဉ့်ကိုင်၊ စက်တင်ဘာ   ၁၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမဖြစ်ပေါ်စေရေးနှင့် ကာကွယ်ထိန်းချူပ်ရေးအတွက် Mask များ စနစ်တကျတပ်ဆင်စေရေး၊ ယနေ့နံနက် (၉) နာရီက အုန်းပင်ခြံလမ်းဆုံ ရန်ကုန် - မန္တလေးလမ်းမပေါ်တွင် ပြည်သူများအား Mask Campaign  ပြုလုပ်ပြီး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ဧည့်ပြကျေးရွာ  ရွှေစည်းခုံ ဓမ္မစကူးလ်ဆရာတော် ဉီးဝဏ္ဏိတမှကြီ:မှူး ၍ ဆရာတော်၊ သံဃာတော်များ၊ ကုသိုလ်ပြုဓမ္မစကူးလ်ကျောင်း (၁၇ကျောင်းမှ ဆရာ၊ ဆရာမများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များပူးပေါင်း၍  နေအိမ်ပြင်ပသို့ ထွက်ခွာသွား လာရာတွင် Mask  များ စနစ်တကျတပ်ဆင်လာခြင်းမရှိသည့်ပြည်သူများအား Mask (၇၅၀၀)ကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

စဉ့်ကိုင်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ ပြည်သူများအား Mask များ စနစ် တကျတပ်ဆင်စေရေး၊ အတတ်နိုင်ဆုံးနေအိမ်ပြင်ပသို့သွားလာခြင်းမပြုလုပ်ကြရန်နှင့် မဖြစ်မနေသွား လာရပါက တစ်ဦးနှင့်တစ်ဦး (ပေ အကွာတွင် နေထိုင်သွားလာကြစေရေး၊ လက်ကိုစင်ကြယ်စွာ စနစ်တကျ ဆေးကြောကြရန် ကျန်းမာရေး အသိပညာပေးခြင်းများကိုလည်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အောင်ပိုင်ပိုင်ကျော်(စဉ့်ကိုင်၊ ပြန်/ဆက်)