ဇလွန်မြို့နယ်တွင် နိုင်ငံတော်အစိုးရမှ ငါးမွေးတောင်သူများထံသို့ ငါးသားပေါက်များ (ဒုတိယအကြိမ်) ထောက်ပံ့ပေးအပ်

ဇလွန်    စက်တင်ဘာ     ၁၁

ဧရာဝတီတိုင်းဒေသကြီး ၊ ဇလွန်မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ၂၀၂၀ - ၂၀၂၁ ခုနှစ်အတွက် COVID-19 Economic Relief Plan (CERP) ၏ Action Plan အရ ငါးမွေးမြူရေးလုပ်ငန်း ဦးမော့လာစေရန်အတွက် နိုင်ငံတော်အစိုးရမှ ငါးမွေးတောင်သူများထံသို့ ငါးသားပေါက် (ဒုတိယအကြိမ်) ထောက်ပံ့ပေးအပ်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်ခန့်တွင် ကျုံရှကျေးရွာအုပ်စုနှင့် မွန်းလွဲ ၁ နာရီအချိန်ခန့်က ကျုံတနော်ကျေးရွာအုပ်စုတို့တွင် ကျင်းပပြုလုပ်ခဲ့သည်။

ထောက်ပံ့ပေးအပ်ပွဲသို့ ဟင်္သာတခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးတင့်လွင်၊ မြို့နယ်ငါးလုပ်ငန်း ဦးစီးဌာနမှူး ဦးမင်းဇော်နှင့်ဝန်ထမ်းများ၊ ငါးမွေးတောင်သူများတက်ရောက်ကြပြီး ဇလွန်မြို့နယ် ကျုံရှကျေးရွာအုပ်စုအတွင်းရှိ ငါးမွေးတောင်သူ (၄၉)ဦးထံသို့​ ငါးကန်တစ်ဧကလျှင် ငါးသားပေါက် အကောင်ရေ (၂၀၀၀)နှုန်းဖြင့် ငါးမွေးဧက (၁၈၄.၆၄၀)ဧကအတွက် ငါးမြစ်ချ​င်း သားပေါက်အကောင်ရေ (၃၆၉၂၈၀)နှင့် ကျုံတနော်ကျေးရွာအုပ်စုအတွင်းရှိ ငါးမွေးတောင်သူ (၁၈)ဦးထံသို့ ​ငါးကန်တစ်ဧကလျှင် ငါးသားပေါက်အကောင်ရေ (၂၀၀၀)နှုန်းဖြင့် ငါးမွေးဧက (၅၂.၆၂၂)ဧကအတွက် ငါးမြစ်ချ​င်းသားပေါက်အကောင်ရေ (၁၀၅၂၄၄)ကို ဇလွန်မြို့နယ် ကျုံရှကျေးရွာအုပ်စုနှင့် ကျုံတနော်ကျေးရွာအုပ်စုအတွင်းရှိ စုစုပေါင်းငါးမွေးတောင်သူ(၆၇)ဦး၊ ငါးမွေးဧက ( ၂၃၇.၂၆၂) ၊ ငါးမြစ်ချ​င်းသားပေါက်အကောင်ရေ ( ၄၇၄၅၂၄) ကို ဒုတိယအကြိမ် အခမဲ့ထောက်ပံ့ပေးခဲ့သည်။

ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ် (CERP) အရ ငါးမွေးတောင်သူများအား ငါးသားပေါက် လုပ်ငန်းနှင့် ငါးမွေးမြူရေးလုပ်ငန်းများ ရပ်တန့်သွားခြင်းမရှိစေရန်၊ သားငါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်၊  ငါးရိက္ခာဖူလုံမှုရှိစေ ရန်ရည်ရွယ်၍ ယခုလို (ဒုတိယအကြိမ်) ထောက်ပံ့ပေးရခြင်း ဖြစ်ကြောင်း ဇလွန်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှူး၏ ပြောကြားချက် အရ သိရသည်။

ဇလွန်(ပြန်/ဆက်)