ပေါင်းတည်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် အထောက်အကူပြု(၃)ဖွဲ့သို့ အလှူငွေပေးအပ်လှူဒါန်း

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်တွင် ယနေ့ နံနက် ၁၀ နာရီက အလှူရှင် ပေါင်းတည်မြို့ မင်းကွက်(၁)ရပ်ကွက် ၁၃ လမ်းနေ ဦးဝင်းမြတ်+ဒေါ်သန္တာထွန်း သားမောင်ဟန်ထူး အောင်၊ သမီး မဖြူစင်ဝင်းမြတ် ကြယ်မင်းညိုညို ဆေးလိပ်ခုံနှင့် ပြည့်ဝသောက်ရေသန့် မိသားစုတို့မှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည့် မြို့နယ်အားကစား ခန်းမတွင် ဖွင့်လှစ်ထားရှိသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး Facility Quarantine Centre မှ စေတနာ့ဝန်ထမ်းများအတွက် ကျပ်(၁)သိန်း ရန်ကုန်-ပြည်လမ်းရှိ ကျန်းမာရေးစစ်ဆေးမှုဂိတ်မှ စေတနာ့ဝန်ထမ်းများနှင့် အထောက်အကူပြုအဖွဲ့များအတွက် ကျပ်(၁)သိန်းနှင့် ရွှေတောင်လမ်း လုံခြုံရေးစစ်ဆေးမှုဂိတ်မှ အထောက်အကူပြုအဖွဲ့များအတွက် ကျပ်(၁)သိန်း စုစုပေါင်း ၃ သိန်းကျပ် အား အသီးသီးပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ပန်ဆိုင်း(ကြူကုတ်)မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် နှာခေါင်းစည်းများကို ယခုဝယ်/ယခုတပ်ဆင်စေခြင်းစနစ် ဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ပန်ဆိုင်း(ကြူကုတ်)မြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးခြင်း၊ မြို့အဝင်/အထွက်ဂိတ်များတွင် ကျန်းမာရေးစစ်ဆေးခြင်းနှင့် နှာခေါင်းစည်း တပ်ဆင်ခြင်းမရှိဘဲ ပြင်ပသို့ သွားလာသူများကို ယခုဝယ်၊ ယခုတပ်စနစ်ဖြင့် ယနေ့နံနက်ပိုင်းအချိန် က စတင်ပြီး အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်သည်။

ကိုဗစ်-၁၉ စီးပွားရေးကုစားမှု (CERP) အစီအစဉ်အရ ဆိပ်ဖြူမြို့နယ်အတွင်းရှိ မိုးစပါးမျိုးစေ့ထုတ် လုပ်ငန်းများအတွက် ဒုတိယအကြိမ် ထောက်ပံ့ငွေပေးအပ်

မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ကိုဗစ် ၁၉ စီးပွားရေးကုစားမှု (CERP) အစီအစဉ်အရ ဆိပ်ဖြူမြို့နယ်အတွင်းရှိ မိုးစပါးမျိုးစေ့ထုတ်လုပ်ငန်းများအတွက် ဒုတိယ အကြိမ် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့ နံနက် (၉) နာရီခွဲ အချိန်က ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျ ပေးအပ် သည်။

နမ့်ခမ်းမြို့၌ ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးသူငယ်များအား ထောက်ပံ့ငွေပေးအပ်

မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးသူငယ်များအား တစ်ဦးလျှင် ကျပ်ငွေ (၁၅၀၀၀)နှုန်းဖြင့် (၃)လ(၁)ကြိမ် အစီအစဉ်ဖြင့် (၆)လစာအတွက် တစ်ဦးလျှင် ကျပ်ငွေ (၉)သောင်းကျပ် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့နံနက် (၁၀)နာရီအချိန် က ထောက်ပံ့ပေးအပ်ကြောင်း သိရသည်။

မိုင်းပန်မြို့နယ် ဆားဝါးကျေးရွာအုပ်စု၌ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုဇယား လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်၊ ဆားဝါးကျေးရွာအုပ်စုအတွင်း၌ မိုင်းပန်မြို့နယ်၊ ပြည်သူ့ဝန်ဆောင်မှုရုံး (OSS)၏ နယ်လှည့်ဝန်ဆောင်မှု (Mobile Service Delivery) လုပ်ငန်းအဖြစ် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံး၊ မြို့နယ်ဦးစီးမှူး ဦးသန်းအောင်နှင့် ဝန်ထမ်းများ ပူးပေါင်း၍ ယနေ့ နံနက်(၈) နာရီ အချိန်က စတင်ကာ နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေဇယား လုပ်ငန်းများအား ကျေးရွာအရောက် သွားရောက်၍ ကွင်းဆင်းဝန်ဆောင်မှု ပေးခဲ့ ရာ ဆားဝါးကျေးရွာအုပ်စု အတွင်းရှိ ဆုပ်ဟွေကျေးရွာ၊ ပိန်းလုံကျေးရွာနှင့် ကန်မောက်လျံ ကျေးရွာများမှ အိမ်ထောင်စု (၂)စု နှင့် ဒေသခံပြည်သူ (၂၁) ဦးမှ လာရောက်၍ ဝန်ဆောင်မှု ရယူခဲ့ကြောင်း သိရသည်။

ဂန့်ဂေါခရိုင် ကျောက်ထုမြို့ဒေသ ကြီးကျေးရွာ ရွာမလမ်းတွင် ရေနှုတ်မြောင်းအား ကိုယ့်အားကိုယ်ကိုးစနစ်ဖြင့် ကွန်ကရစ်မြောင်းအဖြစ် တိုးမြှင့်ဆောင်ရွက်

ဂန့်ဂေါခရိုင် ကျောက်ထုမြို့ဒေသ ကြီးကျေးရွာတွင် ဘုန်းတော်ကြီးကျောင်းသို့သွားရာ ရွာမလမ်းတွင် လမ်းဘေး ရေမြောင်းကို ကွန်ကရစ်ရေမြောင်းအဖြစ် ရွာဦးကျောင်းဆရာတော်က ဦးဆောင်ကာ ကိုယ့်အား ကိုယ်ကိုးစနစ် ဖြင့် စက်တင်ဘာ ၁ ရက်မှစတင်ကာ အဆင့်မြှင့်တင် ဆောင်ရွက်လျက်ရှိသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းမှ ပြန်လည်ရောက်ရှိလာသော ဟိုင်းကြီးကျွန်းဒေသခံ(၁၆)ဦးကို စစ်ဆေးရေဂိတ်မှစစ်ဆေးစဉ်တွေ့ရှိ Quarantine Centre များ၌ထားရှိရန် သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့များထံသို့ လွှဲပြောင်းပေးအပ်

ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့သို့ ရန်ကုန်တိုင်းဒေသကြီးမှ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်-ပုသိမ်-ဟိုင်းကြီးကျွန်း ပြေးဆွဲနေသော “ယူနီဗာဆယ်”နှင့် “ကံထူးအောင်” Express ကားများဖြင့် ပြန်လည်ဝင်ရောက်လာသော ဒေသခံ(၁၆)ဦးကို ကိုဗစ်-၁၉ ရောဂါထိန်းချုပ် ကာကွယ်ရေး ဌာနပေါင်းစုံ ပူးပေါင်းစစ်ဆေးရေးဂိတ်မှ စစ်ဆေးစဉ်တွေ့ရှိခဲ့ပြီး Quarantine Centre များ၌ထားရှိရန် သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့များထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်းသိရှိရသည်။

ရန်ကုန်တောင်ပိုင်းခရိုင်၊ တံတားမြို့တွင် ကိုဗစ်-၁၉ ရောဂါ ပျံ့နှံ့ခြင်းမှ ထိန်းချုပ်နိုင်ရေးအတွက် စားသောက်ဆိုင်၊ လက်ဘက်ရည်ဆိုင်နှင့် ထမင်းဆိုင်များတွင် ပါဆယ်စနစ်ဖြင့် ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းကြည့်ရှုစစ်ဆေး

ရန်ကုန်တောင်ပိုင်းခရိုင်၊ တံတားမြို့တွင် ကိုဗစ်-၁၉ ရောဂါ ပျံ့နှံ့မှုမှ ထိန်းချုပ်နိုင်ရေးအတွက် မြို့ပေါ်ရပ်ကွက်များ အတွင်း ဆိုင်ထိုင်စားသောက် ရောင်းချလျက်ရှိ သော စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်နှင့် ထမင်းဆိုင်များတွင် ပါဆယ်စနစ်ဖြင့် ရောင်းချခြင်း ရှိ/မရှိကို ယနေ့ နံနက် ၁၀ နာရီက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ ကြောင်း သိရသည်။

ရေနံချောင်းမြို့နယ်တွင် ရခိုင်ပြည်နယ်မှပြန်လာသူ ရေနံမြေလုံခြုံရေးရဲတပ်ဖွဲ့ဝင် ၃၃ ဦး၏ Swap နမူနာများရယူ

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်တွင် ရခိုင်ပြည်နယ်မှပြန်လာသူ ရေနံမြေလုံခြုံရေးရဲတပ်ဖွဲ့ဝင် ၃၃ ဦးအား ပထမအကြိမ် အာခေါင်နှင့် နှာခေါင်းတို့ဖတ် Swap နမူနာများရယူခြင်းကို

ကျောင်းကုန်းမြို့ လုံခြုံရေးဆောင်ရွက်သူများအား အာဟာရဒါန လှူဒါန်း

ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် မြို့ဝင်စစ်ဆေးရေးဂိတ်၌ လုံခြုံရေးဆောင်ရွက်နေသူများအား နံနက်စာကို ဦးနိုင်လင်း+ဒေါ်ဌေးဌေးဝင်း(အင်ကြင်းနီ စက်သုံးဆီဆိုင်) မှ လ္ဘက်ရည်နှင့်အီကြာကွေး နေ့စဉ်လှူဒါန်းပြီး နေ့လယ်စာကို ဦးသန်းဆွေ+ဒေါ်ချိုချိုခိုင် (TS စက်သုံးဆီဆိုင်) မှ ထမင်းဘူးများ စက်တင်ဘာလကုန်အထိ နေ့စဉ်လှူဒါန်းသွား မည်ဖြစ်ကြောင်း သိရသည်။
Subscribe to