သန်လျင် စက်တင်ဘာ ၁၁
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ် သောက်တော်တွင်းရပ်ကွက်၊ သောက်တော်တွင်း လမ်းသွယ် (၁)လမ်းတွင် ကိုဗစ်အတည် ပြု ပိုးတွေ့လူနာရှိခဲ့ရာ အဆိုပါလမ်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံ အိမ်ထောင်စု(၄၄)စုအား ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့၊ ပရဟိတ အဖွဲ့၊ နာရေးကူညီမှုအဖွဲ့နှင့် စေတနာရှင်များ စုပေါင်း၍ ယနေ့တွင် အခြေခံစားသောက်ကုန်များ ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရ သည်။
အဆိုပါလမ်းရှိ အခြေခံပြည်သူအိမ်ထောင်စု(၄၄)စုအား တစ်အိမ်ထောင်လျှင် ဆန်(၈)ပြည်၊ ဆီ(၁) ပိဿာ၊ ကြက်သွန်နီ(၃)ပိဿာ၊ ကြက်ဥအလုံး(၂၀)၊ အချိုမှုန့်(၁)ထုပ်၊ ဆား(၁)ထုပ်စီတို့ကို ပြည်သူမှ ပြည်သူသို့ စာနာထောက်ပံ့လှူဒါန်းပေးခဲ့ကြောင်း ယင်းရပ်ကွက် မှ ပရဟိတအကျိုးဆောင်ကို ဘိုဖြူက ပြောကြားခဲ့ကြောင်း သိရသည်။
သန်းဝင်း(သန်လျင်)