ရှားတောမြို့၌ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်

ရှားတော စက်တင်ဘာ ၁၁

ကယားပြည်နည်၊ လွိုင်ကော်ခရိုင်၊ ရှားတောမြို့နယ်တွင် မြိုတွင်းသန့်ရှင်းသာယာလှပစေရန်နှင့် သွေးလွန် တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်၍ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းကို ယနေ့ နံနက်()နာရီ အချိန်က မြို့ဦးစေတီဘုရားရင်ပြင်နှင့် ပတ်ဝန်းကျင်တွင် ဆောင်ရွက်ခဲ့သည်။

စုပေါင်းသန့်ရှင်းရေးလုပ်ငန်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဦးဆောင်၍ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် လူမှုရေး အသင်းအဖွဲ့တို့ စုပေါင်း၍ မြို့ဦးစေတီဘုရားရင်ပြင်နှင့် ပတ်ဝန်းကျင်ရှိ ပေါင်းမြက်များ၊ ချုံနွယ်များ ခုတ်ထွင်ရှင်းလင်းခဲ့ကြောင်း သိရသည်။ 

ထွန်းအောင်(ပြန်/ဆက်)