ငွေဆောင်မြို့တွင် သစ္စာစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းပြုလုပ်ပေး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊၊ ငွေဆောင်မြို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာမြို့ရုံး ဦးစီးမှူး ဦးသက်ခိုင်သည် ငွေဆောင်မြို့၊ ကျောက်ဖျာ ကျေးရွာအုပ်စု အတွင်းရှိကျေးရွာများတွင် ယနေ့နံနက်(၇)နာရီက ကျေးရွာရှိပြည်သူများအား သစ္စာစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခဲ့သည်။

ပလက်ဝမြို့တိုက်ပွဲရှောင်စခန်းများရှိ ပြည်သူများအား ထောက်ပံ့ငွေပေးအပ်

ချင်းပြည်နယ်အစိုးရအဖွဲ့ အဖွဲ့ဝင် စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှုဝန်ကြီး ဦးစိုးထက်နှင့် အဖွဲ့သည် စက်တင်ဘာလ ၉ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် ပလက်ဝမြို့ တိုက်ပွဲရှောင်စခန်းများသို့ သွားရောက်ပြီး တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

လက်ပံတန်းမြို့နယ်အတွင်းရှိ မသန်စွမ်း (၁၂၉၅)ဦးအတွက် ထောက်ပံ့ငွေများပေးအပ်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်အတွင်းရှိ ‌ရပ်ကွက်/ကျေးရွာ အုပ်စုများမှ မသန်စွမ်းသူများအား ထောက်ပံ ငွေများ ပေးအပ်ခြင်းကို မြို့နယ်အထွေထွေ အုပ်ရေးချုပ်ရေးဦးစီးဌာနရုံး၌ ယမန်နေ့က ပြုလုပ်ခဲ့ကြောင်း သိရသည်။

မိုးမောက်မြို့၌ Mask တပ်ဆင်ခြင်းမရှိဘဲ မြို့တွင်းသွားလာသူများအား ဒဏ်ငွေပေးဆောင်စေခြင်း ဖြင့် အရေးယူဆောင်ရွက်

ကချင်ပြည်နယ် ၊ ဗန်းမော်ခရိုင် ၊ မိုးမောက်မြို့နယ် အလင်းကောင်ရပ်ကွက် မြို့မစျေးရှေ့တွင် ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ကိုဗစ်-၁၉ စစ်ဆေး ရေးအဖွဲ့မှ ရှောင်တခင်စစ်ဆေးခဲ့ပြီး Mask တပ်ဆင်ခြင်းမရှိဘဲ လမ်းပေါ်သွားလာသူများကို Mask (၃)ခုစီ ပေး၍ ဒဏ်ငွေ(၃၀၀၀)ကျပ် ပေးဆောင်စေခြင်းကို ယနေ့နံနက် (၁၀)နာရီမှမွန်းတည့် (၁၂)နာရီအထိ ဆောင်ရွက်ခဲ့သည်။

နမ့်ဆန်မြို့၌ ကိုဗစ်-၁၉ ထိန်းချုပ်ကာကွယ်ရေးလုပ်ငန်း ပိုမိုထိရောက်စေရန် စစ်ဆေးကြပ်မတ်မှု လုပ်ငန်းကို အရှိန်မြင့်ဆောင်ရွက်ပြီး ယာဉ်လိုင်းအချို့ယာယီရပ်နား

ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ကုသရေးကော်မတီမှ ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းကို ပိုမို ထိရောက်စေရန် မြို့အဝင်/အထွက်ဂိတ်များကို ယခင်ကထက် ကြပ်မတ်စစ်ဆေးလျှက်ရှိပြီး မန္တလေး သို့ ပြေးဆွဲနေသည့် ယာဉ်လိုင်းများလည်း ယနေ့မှစ၍ ယာယီရပ်နားထားကြောင်း သိရသည်။

ဘီးလင်းမြို့နယ်တွင် မိုးစပါး​ မျိုးစေ့ထုတ်တောင်သူများအား ဒုတိယအကြိမ် ထောက်ပံ့ငွေ ပေးအပ်

စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဘီးလင်းမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှ ကိုဗစ်−၁၉ စီးပွားရေး ကုသမှုအစီအစဉ် (CERP) အထောက်အပံ့အရ

ဆိပ်ဖြူမြို့နယ်တွင် ဒုတိယအကြိမ်မဲစာရင်းများ ကပ်ထားကြေညာနိုင်ရေးနှင့် တိကျမှန်ကန်မှုရှိစေရေး မဲဆန္ဒရှင်စာရင်းများ စိစစ် ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ရက်နေ့တွင်ကျင်းပပြု လုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက်

ပန်ဆိုင်း(ကြူကုတ်)မြို့၌ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ပြန် (၁)ဦးနှင့် မိသားစုဝင် (၆)ဦးအား ဒုတိယအကြိမ် ဓာတ်ခွဲနမူနာရယူ

ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသည့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့ သွားရောက်ပြီး ပန်ဆိုင်း(ကြူကုတ်)မြို့တွင် နေထိုင်သူ(၁)ဦးနှင့် မိသားစုဝင်(၆)ဦးတို့အား ကိုဗစ်-၁၉ ရောဂါ ရှိ/မရှိ ဓာတ်ခွဲအတည်ပြုနိုင်ရေးအတွက် ဒုတိယအကြိမ် နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ်များ ရယူခြင်းကို ယနေ့နံနက် (၁၀)နာရီခွဲအချိန်ခန့် က ဆောင်ရွက်သည်။

မင်းဘူးမြို့ မန်းရေနံမြေမှ ခရိုင်ပြည်သူ့ဆေးရုံကြီးအတွက် ဆေးရုံသုံးပစ္စည်းများနှင့် စာကြည့်တိုက် နှစ်တိုက်အတွက် သုတ/ရသစာအုပ်များ လှူဒါန်း

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ် မြန်မာ့ရေနံနှင့် သဘာဝ ဓါတ်ငွေ့လုပ်ငန်း၊ မင်းဘူးမြို့ မန်းရေနံမြေမှ ခရိုင်ပြည်သူ့ဆေးရုံကြီးအတွက် ဆေးရုံသုံး ပစ္စည်းများနှင့် စာကြည့်တိုက်နှစ်တိုက်အတွက် သုတ/ရသ စာအုပ်များကို ယမန်နေ့နံနက် ပိုင်းက သွားရောက်လှူဒါန်းပေးအပ်ခဲ့ကြောင်း သိရသည်။

ငပုတောမြို့၌ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ရရှိစေရေး သစ္စာစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ လ ၈ ရက်နေ့တွင် ကျင်းပမည့်ပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့် မဆုံးရှုံးစေရန်နှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ရရှိစေရေးအတွက် သစ္စာစီမံချက်ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ငပုတောမြို့နယ်ရုံးမှ မြို့နယ်ဦးစီးမှူး ဦးမောင်မောင်လွင်နှင့် ဝန်ထမ်းများက ခရင်ဝါးချောင်း ကျေးရွာအုပ်စုသို့ ယခုလ ၁၀ ရက်နေ့မှ ၁၂ ရက်နေ့အထိ ကွင်းဆင်း ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။
Subscribe to