တောင်သာ၊ စက်တင်ဘာ ၁၁
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ကောက်ယူထားသောမဲစာရင်းတွင် အမည်ပါဝင်ပြီးနိုင်ငံသားစိစစ်ရေးကတ်ပြား နံပါတ်လစ်လပ်နေမှုများအား ကွက် လပ်ဖြည့်သွင်းခြင်းနှင့် သစ္စာစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင် ရွက်ခြင်းကို စက်တင်ဘာလ (၁၁) ရက်က တောင်သာမြို့နယ် ဝါးကြီးအိုင်ကျေးရွာသို့ ကွင်းဆင်း၍ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ဆောင်ရွက်ပေးမှုကို မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှ ဒုတိယလူဝင်မှုကြီးကြပ်ရေးမှူး ဦးလှငြိမ်းခေါင်းဆောင်သော ဝန်ထမ်းများက သစ္စာစီမံချက်ဖြင့် ဝါးကြီးအိုင်ကျေးရွာ အုပ်စုအတွင်း၌ မဲစာရင်းတွင် အမည်စာရင်းပါဝင်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား မပြုလုပ်ရသေးသူ (၁၆) ဦးအား ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြသည်။
ထို့နောက် ဒုတိယလူဝင်မှုကြီးကြပ်ရေးမှူးနှင့် ဝန်ထမ်းများက နိုဝင်ဘာလ (၈) ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသက် (၁၈) နှစ်ပြည့်ပြီးသူတိုင်း ဆန္ဒမဲပေးနိုင်ရေးအတွက် အမျိုးသား (၃) ဦး၊ အမျိုးသမီး (၁၃) ဦး၊ စုစုပေါင်း (၁၆) ဦးအား အထောက်အထားများစိစစ်၍ နိုင်ငံသားစိစစ်ရေးကတ်များဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကျော်မျိုးနိုင်(တောင်သာ)