ရှမ်းပြည်နယ်(အရှေ့ပိုင်း) “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက်ပိုင်း ၁၀ နာရီအချိန်တွင် ရန်ကုန်မြို့မှ အလှူရှင်တစ်ဦး ပေးပို့လှူဒါန်းသည့် Mask များကို မက်မန်းမြို့နယ်တွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဌာနဆိုင်ရာဝန်ထမ်းများအား အခမဲ့ဖြန့်ဝေပေးခဲ့ပြီး ခရိုင်/မြို့နယ် စီမံခန့်ခွဲမှုဥက္ကနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းကို ပိုမိုထိရောက်စေရန် မြို့အဝင်/အထွက် စစ်ဆေးရေးဂိတ်အား ထားရှိဆောင်ရွက်လျက်ရှိပြီး နေ့စဉ် နံနက်(၆)နာရီမှ ညနေ(၆)နာရီအထိ တာဝန်ရှိ ဌာနဆိုင်ရာများက ကြီးကြပ်ဆောင်ရွက်လျက်ရှိသည်။