ကြံခင်းမြို့တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ လိုင်စင်ချထားပေးသော တည်းခိုခန်း(၄)ခုအား ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုအန္တရာယ်မှကင်းဝေးစေရန် သတ်မှတ်စည်းကမ်းချက်နှင့်အညီ ဖွင့်လှစ်မှု ရှိ/မရှိစစ်ဆေး
ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ လိုင်စင်ချထားပေးသော တည်းခိုခန်း(၄)ခုအား ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုအန္တရာယ်မှ ကင်းဝေးစေရန်သတ်မှတ် စည်းကမ်းချက်နှင့်အညီ ဖွင့်လှစ်မှု ရှိ/မရှိကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့ဝင်များက စစ်ဆေးခဲ့ကြကြောင်း သိရသည်။