ကျောမြို့တွင် နှာခေါင်းစည်းများ တပ်ဆင်ခြင်း ရှိ/မရှိ စစ်ဆေး

ကျော၊ စက်တင်ဘာ ၁၂

ဂန့်ဂေါမြို့နယ်၊ ကျောမြို့တွင် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ခြင်း လုပ်ငန်းအဖြစ် နေအိမ်ပြင်ပသို့ ထွက်ခွာသူများ၊ ခရီးသွားများ နှာခေါင်းစည်းတပ်ဆင်ခြင်း ရှိ/မရှိ ကျောမြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် ကာကွယ်ကုသရေး ကော်မတီနှင့် ပူးပေါင်းအဖွဲ့သည် ယမန်နေ့က ပုလဲ-ဂန့်ဂေါ ကားလမ်း မြို့ဖြတ်လမ်းနှင့် လူစည်ကားရာနေရာများတွင် စစ်ဆေးမှုများ ပြုလုပ်ကြသည်။

ထိုသို့ ဆောင်ရွက်ရာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရဲတပ်ဖွဲ့၊ မီးသတ်၊ လျှပ်စစ်၊ စာ တိုက်နှင့် မီးရထားဌာနတို့မှ တာဝန်ရှိသူများ ပူးပေါင်းပါဝင်ကြကြောင်းနှင့် အဖွဲ့ ၂ ဖွဲ့ကာ စစ် ဆေးကြပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်နိုင်ရေး အသိပညာပေးဆွေးနွေးခြင်းများ ဆောင်ရွက် ကြကြောင်း သိရသည်။

တောင်သားမောင်သန်း