အသက် (၈၅) နှစ်နှင့်အထက် ဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများ ထောက်ပံ့

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၌ အသက် (၈၅) နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယမန်နေ့နံနက်ပိုင်းမှ စတင်၍ မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူတို့က အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးအပ်လျက်ရှိကြောင်း သိရသည်။

မေတ္တာမြို့ မြေးခံဘော်ကျေးရွာအုပ်စု၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အရှိန်အဟုန်မြှင့်ဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့၊ မြို့အုပ်ချုပ်ရေးမှူး ဦးသူရထွန်း ဦးဆောင်သော ဌာနဆိုင်ရာအဖွဲ့နှင့် KNPFအဖွဲ့သားများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ လူမှုရေးအသင်းအဖွဲ့တို့ ပူးပေါင်း၍ ယမန်နေ့နံနက် ၉ နာရီအချိန်က မြေးခံဘော်ကျေးရွာအုပ်စု သပြုချောင်းကျေးရွာရှိ KNPF စစ်ဆေးရေးဂိတ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေးခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်းလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဒုတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် (၁၇) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (စတုတ္ထနေ့) အောင်မြင်စွာ ကျင်းပပြီးစီး

ဒုတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီး လွှတ်တော် (၁၇) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (စတုတ္ထနေ့)ကို ယမန်နေ့ နံနက် ၁၀ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးလွှတ်တော်ရုံး၊ အစည်းအဝေးခန်းမ၌ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေး၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်(၁၈)ဦး၊ တပ်မတော်သားတိုင်းဒေသကြီး လွှတ် တော်ကိုယ်စားလှယ်(၇)ဦး၊ ဖိတ်ကြား၍တက်ရောက်သူ (၁၁)ဦးနှင့် သတင်းမီဒီယာ(၃)ဦးတို့ တက်ရောက်ခဲ့ကြပြီး အခမ်း အနားမှူးအဖြစ် လွှတ်တော်ရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဝေက ဆောင်ရွက်ခဲ့သည်။

ရခိုင်ပြည်နယ်မှရောက်ရှိလာသော ကုန်တင်ရေယာဉ်တစ်စီးအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် မြစ်အတွင်း၌သာ ကုန်တင်ကုန်ချခွင့်ပြု

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်၊ မုဆိုးကွင်းကျေးရွာအုပ်စု၊ ဂုန်နီစက်ရုံဆိပ်ခံတံတားအနီး မြောင်းမြမြစ်ကြောင်းတွင် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့မှ ဆန်၊ ဆန်ကွဲတန်ချိန် (၅၀၀)ကျော်တင်ဆောင်လာသော (အမ်ဗွီရွှေသုဝဏ်) ကုန်တင်ရေယာဉ်အား ယမန်နေ့နံနက် ၈ နာရီက ကိုဗစ်‌-၁၉အရေးပေါ် တုန့်ပြန်ရေးနှင့် ထိန်းချုပ်ရေး ကော်မတီအဖွဲ့မှ လိုအပ်သော စစ်ဆေးမှုများပြုလုပ်ပြီး မြောင်းမြမြစ်အတွင်း၌ ကျောက်ချ၍ ကုန်တင်ကုန်ချပြုလုပ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

မိတ္ထီလာမြို့နယ်တွင် Quarantine ဝင်ရောက်နေသူ ၂၉ ဦး၏ ဓါတ်ခွဲနမူနာများ စစ်ဆေးရန်ပေးပို့ထား

မိတ္ထီလာမြို့နယ်အတွင်းရှိ သက်ဆိုင်ရာ Community Based Facility Quarantine Centre များတွင် Quarantine ဝင်ရောက်နေသူ ၂၉ ဦး၏ ဓါတ်ခွဲနမူနာများကို ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ စစ်ဆေးနိုင်ရန်အတွက် ယမန်နေ့က ပေးပို့ထားကြောင်း မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။

ဟားခါးမြို့နယ်အတွင်း ၆၆/၁၁ ကေဗွီ (၅) အမ်ဗွီအေ လေအွမ်(ခ)ဓာတ်အားခွဲရုံဖြင့် ကျေးရွာ ၄ ရွာ ထပ်မံ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး ဆောက်ရွက်ပြီးစီး

ကျေးလက်ဒေသများတွင် လျှပ်စစ်မီးရရှိနိုင်ရေးအတွက် နိုင်ငံတော်မှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၌ ဟားခါးမြို့နယ်အတွင်း ၆၆/၁၁ကေဗွီ (၅)အမ်ဗွီအေ လေအွမ်(ခ) ဓာတ်အားခွဲရုံဖြင့် ကျေးရွာ ၄ ရွာ ထပ်မံလျှပ်စစ်ဓာတ်အား သြဂုတ်လ ၂၇ ရက်တွင် ဖြန့်ဖြူးရေးရာခိုင်နှုန်းပြည့် ဆောက်ရွက်ပြီးစီး၍ ရွာသူ၊ ရွာသားများ ဝမ်းမြောက်လျက်ရှိကြောင်း သိရသည်။

ဝိုင်းမော်မြို့နယ်တွင် ဒုတိယအကြိမ် မဲစာရင်းများကပ်ထားကြေညာရာ၌ ပြည့်စုံမှန်ကန်မှုရှိစေရေး စစ်ဆေးဆောင်ရွက်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် ရွေးကောက်ပွဲကော်မရှင်ရုံးတွင် ၂၀၂၀ ပြည့်နှစ်၊ နိုင်ဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပထမအကြိမ် ကြေညာထားသည့်စာရင်းများကို ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်သည့်လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပြီး ပိုမိုပြည့်စုံမှန်ကန်မှုရှိစေရန်အတွက် ယမန်နေ့ နံနက်ပိုင်းမှစတင်ကာ ပထမအကြိမ်မဲစာရင်း ပြင်ဆင်ထားသည်များကို စစ်ဆေးလျက်ရှိကြောင်း သိရသည်။

ကလိန်အောင်မြို့၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး အသိပညာပေး မြေစိုက်နံရံကပ်စာစောင်ပြသ

ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားခြင်းမှ ကာကွယ်ထိန်းချုပ်နိုင်ရေး သိမှတ်ဖွယ်ရာများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေး၊ ကြိုတင်သတိပြု ကာကွယ်နိုင်စေရေးနှင့် ဆောင်ရန်၊ ရှောင်ရန် အသိပညာ ဗဟုသုတများ ရရှိစေရန် ရည်ရွယ်၍ အသိပညာပေး မြေစိုက်နံရံကပ်စာစောင်ပြသမှုကို တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ယမန်နေ့နံနက် ၁၀ နာရီခန့်က ပြသဆောင်ရွက်ခဲ့သည်။

ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ Mask နှင့် PPE ဝတ်စုံများ ပေးအပ်လှူဒါန်း

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ ဟုမ္မလင်းမြို့နယ် ဘာသာရပ်သင် ကိုယ်ပိုင်သင်တန်း ဆရာ၊ ဆရာမများမှ Mask နှင့် PPE ဝတ်စုံများ ပေးအပ်ပွဲကို ယနေ့ မွန်းလွဲ ၁ နာရီအချိန်၌ ဟုမ္မလင်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဖားဆောင်းမြို့နယ် မြို့အဝင်/ အထွက် ပူးပေါင်း စစ်ဆေးရေး ဂိတ်၌ COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး စစ်ဆေးမှုများ အရှိန်အဟုန်မြှင့် ဆောင်ရွက်

ကယားပြည်နယ်၊ ဖားဆောင်းမြို့နယ်တွင် ခရီးသွား ပြည်သူများ ၊ ဒေသခံ ပြည်သူများ ၊ COVID-19 ရောဂါ ကူးစက် ပြန့်ပွားမှု မရှိစေရေးအတွက် ကြိုတင် ကာကွယ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက် လျက်ရှိရာ ယနေ့ နံနက် (၈) နာရီ အချိန်က မြို့နယ် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ ဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်မိုးနှင့် ကော်မတီ ဝင်များက ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
Subscribe to