ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန် လူဝင်၊ လူထွက် စိစစ်ခြင်းလုပ်ငန်းများဆောင်ရွက်
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်အတွင်းရှိ ရပ်ကွက် (၂၇)ရပ်ကွက်တွင် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် လမ်းသွယ်များ ပိတ်ဆို့၍ ကိုယ်အပူချိန် တိုင်းတာခြင်း၊ လူဝင်၊ လူထွက် စိစစ်ခြင်းဆောင်ရွက်နေမှုကို ယနေ့ နံနက်ပိုင်းမှစ၍ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။