တာချီလိတ်၊ စက်တင်ဘာ ၁၂
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးအတွက် ခရီး သွားရာဇဝင်ကောက်ယူခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းနှင့် ကိုယ်အပူချိန်တိုင်းတာခြင်းများကို မြို့အဝင် မယ်ယန်းပူးပါင်းစစ်ဆေးရေးဂိတ်တွင် ဩဂုတ်လ (၃၀)ရက်နေ့မှ စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်၏လမ်းညွှန်မှုဖြင့် ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဦးမောင်မောင်နိုင်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောဦးဆောင်သော ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီး သတ်၊ ကြက်ခြေနီ၊ လူမှုကူညီရေးအသင်းများနှင့် စေတနာ့ဝန်ထမ်းလုပ်အားရှင်များ ပူးပေါင်းကာ လုပ်ငန်းများကို နေ့စဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လုပ်ငန်းများဆောင်ရွက်ရာတွင် အခြားမြို့နယ်များမှလာရောက်ကြသော ခရီးသွားဧည့်သည်များအား ခရီးသွားလာရာတွင် လိုအပ်သောစာရွက်စာတမ်းများ၊ အချက်အလက်များ ပြည့်စုံမှန် ကန်မှု ရှိ/မရှိ စစ်ဆေးခြင်း၊ ခရီးသွားရာဇဝင်များမေးမြန်းခြင်းနှင့် ကျန်းမာရေးစစ်ဆေးခြင်း ကိုယ်အပူချိန်တိုင်းတာခြင်းများပြုလုပ်ပြီး Mask များ စနစ်တစ်ကျတပ်ဆင်ကြရန်အတွက် အသိပညာပေးခြင်း၊ Mask များ ဖြန့်ဝေပေးခြင်းတို့ကို နေ့စဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
ယာဆေး(ပြန်/ဆက်)