မကွေးမြို့နယ် စည်ပင်သာယာရေးနယ်နိမိတ်အတွင်း စားသောက်ဆိုင်များအား ဆိုင်ထိုင်စနစ်ဖြင့် ခွင့်ပြုတော့မည်မဟုတ်ဘဲ ပါဆယ်စနစ်ဖြင့်သာရောင်းချခွင့်ပြုသွားမည်

မကွေး၊ စက်တင်ဘာ ၁

ကိုဗစ်-၁၉ ကူးစက်ကပ်ရောဂါအနေဖြင့် မြန်မာနိုင်ငံအတွင်း ပြည်တွင်းကူးစက်မှုအသွင်ဖြင့် ရောဂါကူးစက်မှုများ တစ်နေ့တခြား များပြားလာလျက်ရှိသည်။

မကွေးမြို့တွင် မြို့နယ်စည်ပင်သာယာရေး နယ်နိမိတ်အတွင်း စားသောက်ဖွယ်ရာ ရောင်းချသည့် ဆိုင်များ၊ လက်ဘက်ရည်ဆိုင်နှင့် စားသောက်ဆိုင် လုပ်ငန်းရှင်များ အနေဖြင့် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ရေးနှင့် ထိန်းချုပ်ကုသရေး ဗဟိုအဆင့်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့် ကော်မတီများ၏ လမ်းညွှန်ချက်များနှင့်အညီ ဆိုင်ထိုင်စနစ်အား ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ စည်းကမ်းချက်များ နှင့်အညီ ပြန်လည်ခွင့်ပြုပေးထားကာ ရောင်းချလျက် ရှိသည်။

ယခုအခါ ကိုဗစ်-၁၉ ကူးစက်ကပ်ရောဂါအနေဖြင့် မြန်မာနိုင်ငံအတွင်း ပြည်တွင်းကူးစက်မှု အသွင်ဖြင့် ရောဂါ ကူးစက်မှုများမှာ တစ်နေ့တခြားများပြားလာသည့်အတွက် ရောဂါဖြစ်ပွားကူးစက်မှု လျှော့ချနိုင်ရန် ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ ၁၄ ရက်နေ့မှစတင်၍ ဆိုင်ထိုင်စနစ်အား ခွင့်ပြုတော့မည် မဟုတ်ဘဲ ပါဆယ်စနစ်ဖြင့်သာ ပြန်လည်ရောင်းချခွင့်ပြုသွားမည်ဖြစ်ကြောင်း ကြိုတင်သိရှိ ဆောင် ရွက်နိုင်ရန် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သန်းနိုင်ဦး(ငဖဲ)