ကိုဗစ်-၁၉ ကာလစီးပွားရေးကုစားမှုအစီအစဉ်ဖြင့် မသန်စွမ်းသူများအား ကျပ်သုံးသောင်းစီထောက်ပံ့
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင် လူမှုဝန်ထမ်းဦးစီးဌာနက တာဝန်ယူပြီး ရွှေဘိုခရိုင်အတွင်းရှိ ထောက်ပံကြေး တစ်ကြိမ်တစ်ခါမှ မရရှိဘူးသေးသည့် မသန်စွမ်းသူများကို ကိုဗစ်-၁၉ကာလ စီးပွားရေးထိခိုက်မှုသက်သာရေးအစီအစဉ်အနေဖြင့် တစ်ဦးလျှင် ကျပ်သုံးသောင်းကျပ်ကို အဖွဲ့ခွဲ၍ အိမ်တိုင်ရာရောက်ထောက်ပံခြင်းကို ယမန်နေ့ကစ၍ ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။