ချင်းရွှေဟော်နယ်စပ်ဂိတ်မှ နေရပ်ပြန်ပြည်သူ (၃၀)ဦး ထပ်မံဝင်ရောက်

တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားနေရပ်ပြန်ပြည်သူများသည် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့ မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဂိတ်ပေါက်မှ နေ့စဉ်ဝင်ရောက်လျက်ရှိရာ စက်တင်ဘာလ ၁၀ ရက်နေ့၊ ညနေ(၆)နာရီအချိန်က (၂၉)ဦးနှင့် ယမန်နေ့မွန်းလွဲ (၃)နာရီခွဲအချိန်က (၁)ဦး စုစုပေါင်းနေရပ်ပြန်ပြည်သူ (၃၀)ဦး ထပ်မံဝင်ရောက်လာခဲ့ကြောင်း သိရသည်။

ဒဂုံမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး ပြည်သူများသို့ပန်ကြားချက် အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်

ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးနှင့်ပတ်သက်၍ ရောဂါကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ရန် အတွက် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၌ပြည်သူများသို့ ပန်ကြားချက်အသိပေးနှိုးဆော်ခြင်းကို ယမန်နေ့ ည ၉ နာရီက ယောမင်းကြီးရပ်ကွက်၊ ဘုရားကြီးရပ်ကွက်၊ ဦးဝိစာရရပ်ကွက်၊ ပြည်အရှေ့ရပ်ကွက်နှင့် ပြည်အနောက်ရပ်ကွက်တို့၌ သက်ဆိုင်ရာရပ်ကွက် တာဝန်ခံများက အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်ကြောင်း သိရသည်။

ကြည့်မြင်တိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုထိရောက်စွာကာကွယ်နိုင်ရေးအတွက် ရပ်ကွက်များအတွင်း ဆောင်ရွက်ထားရှိမှုများ စစ်ဆေး

ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်တွင် (Stay at Home) ကာလ ကိုဗစ်-၁၉ ရောဂါကူးစက်မှု ထိရောက်စွာကာကွယ်နိုင်ရေးအတွက် ရပ်ကွက်များအတွင်း ဆောင်ရွက်ထားရှိမှုများစစ်ဆေးခြင်းကို ယမန်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

မြို့မဈေးပတ်လမ်း ကွန်ကရစ်လမ်းတိုးချဲ့ခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့၊ မြို့မဈေးပတ်လမ်း ကွန်ကရစ်လမ်းတိုးချဲ့ခြင်းလုပ်ငန်းကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီး ထောက်ပံ့ရန်ပုံငွေကျပ် (၈၆) သန်းဖြင့် မြို့နယ်စည်ပင်သာယာရေးက ဆောင်ရွက်ခဲ့ရာ ယမန်နေ့ ညနေပိုင်းက ရာနှုန်းပြည့်ပြီးစီးသွားပြီဖြစ်ကြောင်း သိရသည်။

သုံးခွမြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး စားသောက်ဆိုင်များ၊ လက်ဘက်ရည်ဆိုင်များ ဆိုင်ထိုင်စနစ်ဖြင့်ရောင်းချခြင်းမရှိဘဲ ပါဆယ်စနစ်ဖြင့်သာ ရောင်းချ

သုံးခွမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး စားသောက်ဆိုင်များနှင့် လက်ဘက်ရည်ဆိုင်များ ဆိုင်ထိုင်စနစ်ဖြင့် ရောင်းချခြင်းမရှိဘဲ ပါဆယ်စနစ်ဖြင့်သာ ရောင်းချလျက်ရှိကြောင်း သိရသည်။

ရန်ကုန်(ပန်းဆိုးတန်း/ဒလ) ကူးတို့ရေယာဉ်များ ယနေ့မှစတင်ပြီး အသွား/အပြန် (၃၀) ခေါက်နှုန်းဖြင့် အခေါက်ရေ လျော့ပြေးဆွဲမည်

ရန်ကုန်(ပန်းဆိုးတန်း/ဒလ) ကူးတို့ဆိပ်ကမ်းသည် အနယ်နယ်အရပ်ရပ်မှ ခရီးသွားမိဘပြည်သူများ၊ အစိုးရဝန်ထမ်းများ၊ ပုဂ္ဂလိကဝန်ထမ်းနှင့် အထွေထွေလုပ်သားပြည်သူများစွာတို့ကို စီးပွားရေးမြို့တော် ရန်ကုန်မြို့သို့ နေ့စဉ်ကူးတို့ ပို့ဆောင်ပေးလျက်ရှိသော ဆိပ်ကမ်းတစ်ခုဖြစ်ရာ လတ်တလော အသက်ရှုလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်တားဆီးနိုင်ရေးနှင့် ခရီးသည်သွားလာမှုနည်းပါးခြင်းတို့ကြောင့် ယနေ့မှစတင်ပြီး အသွား (၃၀) ခေါက်၊ အပြန် (၃၀) ခေါက်နှုန်းဖြင့် အခေါက်ရေလျော့၍ ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း ပြည်တွင်းရေကြောင်းပို့ဆောင်ရေး (မြစ်ဝကျွန်းပေါ်ဌာနခွဲ) မှ ယမန်နေ့ညပိုင်းက သိရှိရသည်။

တာချီလိတ်မြို့ အဝင်အထွက်ဂိတ်များတွင် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များက မြို့၏ အဝင်အထွက်ဂိတ်နေရာများတွင် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးခြင်း လက်ကမ်းစာစောင်များ၊ Mask များ ဖြန့်ဝေပေးခြင်းကို ယမန်နေ့က ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ကြည့်မြင်တိုင်မြို့နယ် ထီးတန်းစျေးအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် အသိပေးနှိုးဆော်ခြင်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရေးအတွက် အသိပေးနှိုးဆော်ခြင်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ထီးတန်းစျေးတစ်လျှောက်တွင် အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။

ရွှေပြည်သာမြို့နယ်တွင် သိမ်းဆည်းခံတောင်သူ (၄) ဦးအား သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန မြန်မာ့သစ်လုပ်ငန်း ဒုတိယအကြိမ် မြေယာလျော်ကြေးပေးအပ်

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်ရှိ လယ်ယာမြေသိမ်းဆည်းခံ တောင်သူများအား သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန မြန်မာ့သစ်လုပ်ငန်း ဝါးတရာသစ်အခြေခံစက်မှုဇုန်ဧရိယာမှ သိမ်းဆည်းလယ်ယာမြေများအား ဒုတိယအကြိမ် မြေယာလျော်ကြေးပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က အမှတ် (၉) သစ်အခြေစိုက်အစည်းဝေးခန်းမ၌ ကျင်းပခဲ့သည်။

သင်္ဃန်းကျွန်းမြို့နယ်၊ သုမင်္ဂလာရပ်ကွက် သုဝဏ္ဏဘောလုံးအကယ်ဒမီ မြက်ခင်းတုဘောလုံးကွင်းအတွင်း Quarantine Centre ပြုလုပ်ရန် ယာယီအဆောက်အဦ ဆောက်လုပ်

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏအမျိုးသားဘောလုံး အကယ်ဒမီ (ရန်ကုန်) မြက်ခင်းတု ဘောလုံးကွင်း ဝင်းအတွင်းတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏လမ်းညွှန်မှုဖြင့် ဆေးတက္ကသိုလ် (၁) ပါမောက္ခချုပ် ဒေါက်တာဇော်ဝေစိုးကဦးဆောင်ကာ Quarantine ဝင်ရောက်သူများအားထားရှိနိုင်ရန်အတွက် ယာယီအဆောက်အဦတစ်လုံးလျှင်လူ (၁၀၀)ဦး Quarantine ဝင်‌ရောက်နေထိုင်နိုင်မည့် ယာယီအဆောက်အဦ (၂) လုံးကို CNC ကုမ္ပဏီမှ (၅) ရက်အတွင်း အပြီးတည်ဆောက်မည်ဖြစ်ပြီး လူ (၄၀၀) ဦးခန့်ထားနိုင်မည့် ယာယီအဆောက်အဦ Quarantine Center များကိုလည်းဆက်လက်ဆောက်လုပ်သွားမည် ဖြစ်သည်။
Subscribe to