မက်မန်း၊ စက်တင်ဘာ ၁၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း) “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက်ပိုင်း ၁၀ နာရီအချိန်တွင် ရန်ကုန်မြို့မှ အလှူရှင်တစ်ဦး ပေးပို့လှူဒါန်းသည့် Mask များကို မက်မန်းမြို့နယ်တွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဌာနဆိုင်ရာဝန်ထမ်းများအား အခမဲ့ဖြန့်ဝေပေးခဲ့ပြီး ခရိုင်/မြို့နယ် စီမံခန့်ခွဲမှုဥက္ကနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ကိုဗစ်-၁၉ ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းကို ပိုမိုထိရောက်စေရန် မြို့အဝင်/အထွက် စစ်ဆေးရေးဂိတ်အားထားရှိဆောင်ရွက်လျက်ရှိပြီး နေ့စဉ် နံနက်(၆)နာရီမှ ညနေ(၆)နာရီအထိ တာဝန်ရှိဌာနဆိုင်ရာများက ကြီးကြပ်ဆောင်ရွက်လျက်ရှိသည်။
မက်မန်းမြို့နယ်အတွင်းသို့ ဝင်ရောက်လာမည့် ခရီးသည်များ မည်သူမဆို မြို့အဝင် ကိုဗစ်-၁၉ စစ်ဆေးကြပ်မတ်သည့်နေရာတွင် ခရီးသည်များ၏ ခရီးသွားရာဇဝင်များ မှတ်တမ်းတင်ထား ပြီး ယခင်ကထက် ပိုမိုတင်းကြပ်စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိသည်။ ကိုဗစ်-၁၉ ကူးစက်မှုအများဆုံးမြို့ဖြစ်သည့် နေရာဒေသမှပြန်လည်ဝင်ရောက်လာသည့် ပြည်သူများကို သတ် မှတ်ထားသည့် စောင့်ကြပ်ကြည့်ရှုစစ်ဆေးရေးစခန်းတွင် ထားရှိပြီး ကျန်းမာရေးဌာနမှ ပုံမှန်စစ်ဆေးမှုများကို ဆောင်ရွက်လျက်ရှိပါသည်။
မက်မန်းမြို့နယ်အတွင်း၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန် ရောဂါကာကွယ် ထိန်း ချုပ်ကုသရေးကော်မတီများနှင့် ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများက ပြည်သူ များအား အသိပညာပေးခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ မိမိနေအိမ်မှ အပြင်မထွက်ခွာဖို့နှင့် ထွက်ခွါပါက နှာခေါင်းစည်းတပ်ဆင်ကြရန် စသည့်လှုံ့ဆော်မှုများကို အရှိန်အဟုန်မြင့် ဆောင်ရွက်လျက်ရှိကြောင်းနှင့် မြို့နယ်အတွင်း ယခုအချိန်ထိ ရောဂါပိုးကူးစက်ခံရသူ မရှိကြောင်း သတင်းရရှိသည်။
(မက်မန်း၊ ပြန်/ဆက်)