ဗန်းမော်မြို့တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် အရပ်ရပ်အခွင့်အရေးလိုင်စင်များ အခြားနည်းဖြင့် လေလံတင်ရောင်းချ

ဗန်းမော်၊ စက်တင်ဘာ

ကချင်ပြည်နယ်ဗန်းမော်ခရိုင်ဗန်းမော်မြို့တွင် ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ် အရပ်ရပ်အခွင့်အရေး လိုင်စင်များ အခြားနည်းဖြင့် လေလံတင်ရောင်းချခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၁၁ နာရီမှ မွန်းတည့် ၁၂ နာရီခွဲအထိ မြို့တော်ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိန်း၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးဇော်သင်းတို့က အမှာစကားပြောကြားပြီး မြို့နယ်စည်ပင်သာရေးအဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူး ဦးဂျွန်စယ်က အရပ်ရပ်အခွင့်အရေးလိုင်စင်များ အခြားနည်းဖြင့် လေလံတင်ရောင်းချခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ လေလံတင်ရောင်းချရာ၌ ဝက်သားသတ်လိုင်စင်(မြို့ပြ+ကျေးလက်)(၁၆)ခုအား ဦးဇော်ဇော်က ငွေကျပ်သိန်း (၃၀၀၀)ဖြင့်လည်းကောင်း၊ ဗန်းမော်-ရေနီ-ကောင်းစင့်ကူးတို့အား ဦးဝင်ထွဋ်က ငွေကျပ်(၁၈)သိန်းဖြင့်လည်းကောင်း၊ ဗန်းမော်-ရွာရှည်-လက်ပန်တန်းကူးတို့အား ဦးဝင်ထွဋ်က ငွေကျပ် (၁၀သိန်းဖြင့်လည်းကောင်း၊ ဗန်းမော်-ရေလဲ-ထီးလင်း-ပါပေါင်း-မြစေတီကူးတို့အား ဦးမြင့်ရှိန်က ငွေကျပ်(၅၃)သိန်းဖြင့်လည်းကောင်း အသီးသီးလေလံဝယ်ယူခဲ့ကြောင်း သိရသည်။

ဗန်းမော်(ပြန်/ဆက်)