မင်းတုန်းမြို့တွင် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်နိုင်ရန် စားသောက်ဆိုင်များ ပါဆယ်ဖြင့်သာ ရောင်းချရန် အသိပညာပေးဆောင်ရွက်
မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရန် စားသောက် ဆိုင်များ ဆိုင်ထိုင်ရောင်းချခြင်းမပြုဘဲ ပါဆယ်ဖြင်သာရောင်းချရန် စက်တင်ဘာ ၁၁ ရက်နေ့ နံနက် ၁၁ နာရီက မင်းတုန်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးသိန်းဝင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မှမြို့နယ်ဒုတိယဦးစီးမှူး ဦးမျိုးမင်းထွန်း (၂)နှင့် ဌာနဆိုင်ရာများက စားသောက်ဆိုင်များကို အသိပညာပေး ပြောကြားခဲ့သည်။