မင်းတုန်းမြို့တွင် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်နိုင်ရန် စားသောက်ဆိုင်များ ပါဆယ်ဖြင့်သာ ရောင်းချရန် အသိပညာပေးဆောင်ရွက်

မင်းတုန်း စက်တင်ဘာ

မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရန် စားသောက်ဆိုင်များ ဆိုင်ထိုင်ရောင်းချခြင်းမပြုဘဲ ပါဆယ်ဖြင်သာရောင်းချရန် စက်တင်ဘာ ၁၁ ရက်နေ့ နံနက် ၁၁ နာရီက မင်းတုန်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးသိန်းဝင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ် ဒုတိယဦးစီးမှူး ဦးမျိုးမင်းထွန်း ()နှင့် ဌာနဆိုင်ရာများက စားသောက်ဆိုင်များကို အသိပညာပေး ပြောကြားခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ဆိုင်ထိုင်ရောင်းချခြင်းမပြုဘဲ ပါဆယ်ဖြင့်သာ ရောင်းချရန်လိုက်နာမှုမရှိ ပါကဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း စားသောက်ဆိုင်တိုင်းအား အမှုဆောင်အရာရှိ ဦးသိန်းဝင်းက အသိ ပညာပေးပြောကြားခဲ့ကြောင်း သိရှိရသည်။

ချင်းကလေး(NRDC)