ဖောင်းပြင်မြို့နယ်၌ ကိုဗစ်- ၁၉ ရောဂါ စောင့်ကြည့်ရေးစင်တာထားရှိနိုင်ရန် စုပေါင်းဆောင်ရွက်

ဖောင်းပြင် စက်တင်ဘာ ၁၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၌ ကိုဗစ်- ၁၉ရောဂါ ကာကွယ်တားဆီးရေးအတွက် ပြည်တွင်း ပြည်ပမှ ပြန်လည် ရောက်ရှိလာသူများကို သီးခြားထားရှိပြီး ကိုဗစ်- ၁၉ရောဂါလက္ခဏာများ စောင့်ကြည့်နိုင်ရန် Quarantine Centre ကို ဖောင်းပြင်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင်   ယမန်နေ့နံနက်ပိုင်းက စုပေါင်းအင်အားဖြင့်  ပြင်ဆင်ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

ထိုသို့  ဆောင်ရွက်ရာတွင် အမှတ်(၁)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်အထွေထွေအုပ် ချုပ်ရေးမှူးနှင့် မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ သန္တေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့များ၊ ကြက်ခြေနီတပ်ဖွဲ့များ၊ တက်ကြွ သော လူငယ်အဖွဲ့အစည်းများ၏ စုပေါင်းမှုဖြင့် ဆောင်ရွက် သည်။

အဆိုပါ စောင့်ကြည့်ရေးစင်တာ၌  ကိုဗစ်- ၁၉ ရောဂါလက္ခဏာစောင့်ကြည့်နိုင်ရန်အတွက် လက်ရှိတွင် လူဦးရေ ၅၀ ဦးခန့် ထားရှိနိုင်မှာဖြစ်ပြီး ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး မြို့နယ်အဆင့်ကော်မတီ၏ ဦးဆောင်မှု၊ ပရဟိတအဖွဲ့အစည်းများပူးပေါင်းပါဝင်မှုများဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရ သည်။

ကိုထွန်း(ဖောင်းပြင်)